အပိုင်း-၃၄

199 7 1
                                    

ကလပ်ထဲဝင်လာတော့ ရှုပ်ထွေးသော လူအုပ်နှင့် ဆူညံသော သီချင်းသံတွေကို အသားမကျသော မျိုးလွင်ဦးအဖို့ အနည်းငယ်တော့ စိတ်ကျဥ်းကြပ်ရသည်။ကောင်လေး၏ သူငယ်ချင်းတော်တော်များများနှင့် ရင်းနှီးတာမို့ အရမ်းကြီးတော့ အနေရမခက်လှသော်လည်း ကောင်လေးသူငယ်ချင်းတွေက မင်္ဂလာပွဲကို ဂုဏ်ပြုနေကြတာမို့ ကလေးတွေကြားထဲ မျက်နှာပူပူနှင့်သာ နေနေရ၏။ကောင်လေးကတော့ သူ့အား သဘောကျစွာကြည့်ရင်း ရင်ခွင်ထဲ သို့ ဆွဲဆွဲသွင်းနေသဖြင့် ရုန်းဖယ်ရသေးသည်။ နှစ်ယောက်ထဲကျလျှင် ကိစ္စမရှိပေမယ့် သူစိမ်းတွေ ကြားထဲမှာ ကောင်လေးနှင့် ပူးပူးကပ်ကပ်နေဖို့ရာ သူ့အသိစိတ်က ခွင့်မပြုခဲ့။ ကောင်လေးက သူ့စိတ်သဘောထားကို သိသည့်အလား ရယ်မောကာဖြင့် အတင်းကာရောမလုပ်တော့။ ထိုမှသာ သက်ပြင်းကလေး ခပ်ဖွဖွချမိတော့သည်။

"ဟဲ့ ရဲမာန် မတွေ့တာတောင် တော်တော်ကြာပြီ။ ပျောက်နေပါလား"

သူတို့ဝိုင်းဘေးနားသို့ ရောက်လာသည့် ခေတ်ဆန်ဆန်ကောင်မလေး တစ်ယောက်က နှုတ်ဆက်လာ၏။ ကောင်လေး ဘာမှပြန်မပြောရသေးခင်မှာတင် အတူထိုင်နေသည့် ကောင်လေးသူငယ်ချင်းများက ဝိုင်းပြောကြလေသည်။

"မလာဆို ဒီကောင်က အချစ်နဲ့ထိတွေ့သွားပြီး ခြေချုပ်မိသွားတာလေ"

ထိုစကားကိုကြားတော့ ကောင်မလေးက မျိုးလွင်ဦးဆီ အကြည့်တို့ရောက်လာရင်း ရယ်ကျဲကျဲ ပြောလာ၏။

"ဒါက ရဲမာန်ရဲ့ ဒယ်ဒီဆိုတာလား"

"အေးဟေ့။ ငါ့တို့ကောင်ကြီးက မင်္ဂလာတောင်ဆောင်တော့မယ်။ အချစ်ဦးဆိုတာ ဘယ်တော့မှ မပေါင်းရဘူးလို့ ဘယ်သူကပြောလဲ။ ငါ့ကောင်ကြီးက သူ့ အချစ်ဦးနဲ့ ယူတော့မှာ လာ လာ Cheer...ဟေး"

ရဲမာန်ဝင့်ထည် သူငယ်ချင်းများက အရက်ခွက်များကိုင်ကာ Cheer လုပ်လာသည်မို့ မျိုးလွင်ဦးသည်လဲ အယောင်ယောင်အမှားမှားဖြင့် Cheerလုပ်ကာ သောက်လိုက်ရပြန်သည်။

"ဘာလဲ နင်က နင့် Exမင်္ဂလာဆောင်တော့မယ်ဆိုလို့ ဝမ်းနည်းသွားတာလား။ မပူပါနဲ့ ငါရှိသေးတယ်နော် ဟဲဟဲ Single လေးပါ"

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now