အပိုင်း-၂၆

212 5 1
                                    

မျိုးလွင်ဦးတစ်ယောက် ဧည့်ခန်းထဲတွင် သတင်းစာဖတ်နေစဥ် ခြံရှေ့က ခေါင်းလောင်းသံ ကြားလိုက်ရသည်။ ဒီနေ့ချိန်းထားသည့် ဧည့်သည်မရှိပါဘူးဟုတွေးတောနေခိုက် ခြံစောင့်က တံခါးဖွင့်ပေးလိုက်တယ် ထင်သည် ကောင်လေး ဖြူဖြူချောချောလေး တစ်ယောက်ဟာ အိမ်ရှေ့တံခါးဝသို့ ရောက်လာလေ၏။ ဧည့်ခန်းထဲမှာ ထိုင်နေသည့် မျိုးလွင်ဦးလဲ ထကာ ကောင်လေးအနား သွားလိုက်တော့

"ဒါ ရဲမာန်တို့ အိမ်လားဟင်"

"ဟုတ်ပါတယ်။ သားလေးက ရဲမာန်နဲ့တွေ့ချင်လို့လား"

"ဟုတ်ကဲ့။ ကျွန်တော်က ရဲမာန်ရဲ့ သူငယ်ချင်းပါ။ သူနဲ့တွေ့ချင်လို့"

"အော်...ရဲမာန်က အခုအပြင်ခဏသွားတယ် သားရဲ့။ ဝင်ခဲ့လေ လာလာ အထဲမှာ ထိုင်စောင့်။ သူခဏနေ ပြန်လာလိမ့်မယ်"

"ဟို..ဟို ရပါတယ် ကျွန်တော်အပြင်မှာပဲ စောင့်လိုက်ပါ့မယ်"

"မဟုတ်တာဘဲ။ လာပါ အထဲမှာဝင်ထိုင်။ အန်တီသက်ရေ ဧည့်သည်လာလို့ တစ်ခုခုလုပ်ပေးပါအုံး"

အတင်းခေါ်မှ အိမ်ထဲကိုမရဲတရဲနှင့် လှမ်းဝင်လာသော  ကောင်လေး။ ထို့နောက် ဆိုဖာခုံမှာ ကျုံ့ကျုံ့လေးသာ ထိုင်နေတော့သည်။ ဖြူဖျော့ဖျော့ အသားအရည်နှင့် သေးသေးလေး ဖြစ်နေသော ကောင်လေးမှာ ယိုင်နဲ့နဲ့ပင်။

"သားရယ် ရဲမာန်သူငယ်ချင်းပဲကို ကိစ္စရှိရင် ဖုန်းဆက်ပြီး ချိန်းလိုက်တာမဟုတ်ဘူး။ ရဲမာန်က အဲ့ဒီလိုပဲ အပေါင်းအသင်းများတော့ လမ်းကခပ်များများ"

"ဟို...ကျွန်တော့် ဖုန်းက ပျောက်သွားလို့"

"အော်..ဟုတ်လား ဒါဆို ဦး ဖုန်းဆက်ပေးမယ်။ ဒီမှာ အေးဆေးထိုင်စောင့်နော်"

ကောင်လေးမှာတော့ မျက်လုံးလေး အဝိုင်းသားနှင့်သာ သူ့ကို ဖျော့တော့တော့ ပြုံးပြ၏။ ထိုစဥ် အန်တီသက်ရောက်လာပြီး ကော်ဖီနှင့်မုန့်များကို ချပေးကာ ဧည့်ခံ၏။

"ရဲမာန်လေး သူငယ်ချင်းလား"

"ဟုတ်...ဟုတ်ကဲ့"

"အမလေး...ချစ်စရာလေးကွယ်။ ရဲမာန်လေး သူငယ်ချင်းကလဲ သားမျိုးနဲ့တော်တော်တူတာပဲ။ ညီအကိုဆိုရင် ယုံလောက်မယ်"

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now