အပိုင်း-၃၅

258 7 1
                                    

မျိုးလွင်ဦး မျက်လုံးဖွင့်ကြည့်လိုက်တော့ နေပင်အတော်မြင့်နေပြီ။ သို့သော်လည်း ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်ကြောင့် မထချင်ဖြစ်နေရသည်။ စနေနေ့ ရုံးပိတ်ရက်ဖြစ်သောကြောင့် ကိစ္စမရှိသည်မို့ အိပ်ရာထဲမှာပဲ ခွေခေါက်နေမိတော့သည်။ကောင်လေးကတော့ သူ့ဘေးမှာမရှိ။ နိုးလာထဲက မတွေ့မိသဖြင့် မနက်အစောထဲက ဘယ်ထွက်သွားပြန်လဲ မသိပေ။ ကိုက်နေသောခေါင်းကြောင့် အလိုမကျမှုတို့နှင့်အတူ မျက်မှောင်တို့ကို ကြုံ့ထားမိ၏။

"ဒယ်ဒီ နိုးပြီလား"

"အင်း။ ဘယ်တွေသွားနေတာလဲ"

အပြင်က ပြန်လာပုံရသော ကောင်လေးကြောင့် မေးလိုက်မိတော့ ကောင်လေးက သူ့ဘေးနားလာထိုင်ရင်း နှုတ်ခမ်းတွေကို ဆွဲညှစ်လာသည်။

"ဘာလို့ ဆူပုတ်နေတာလဲ ချစ်သဲရဲ့။ ကိစ္စရှိလို့ အပြင်ခဏသွားတာပါ"

"ဘာကိစ္စလဲ"

"ဒီလိုပဲ"

ပြုံးရယ်ကာ ဖြေလာသော ကောင်လေးကြောင့် စိတ်ထဲအလိုမကျစိတ်တို့က ပိုမိုများလာရသည်။

"ကိစ္စတွေကလဲ များပြားလိုက်တာ"

"ချစ်သဲလေးက နိုးလာတော့ မောင်မရှိတော့ စိတ်ကောက်နေတာလား"

"ကောက်စရာလား"

"စိတ်ကောက်နေတဲ့ ချစ်သဲကို ချော့ရအုံးမှာပေါ့"

"ဖယ်လို့ မောင်။ ခေါင်းကိုက်နေတယ်"

"အင်း...အင်း မောင် ခေါင်းကိုက်ပျောက်အောင် ဆေးပေးမယ်"

"အွင်း"

ဒီကောင်လေးက ဘယ်တုန်းကများ သူ့စကားနားထောင်ဖူးလို့လဲ။ ဒါနဲ့ပဲ ကောင်လေးပေးအပ်တဲ့ ကြင်နာမှုများကို လက်ခံရယူမိရင်း လက်သီးဆုပ်ကာ ညည်းညူမိတော့ ကောင်လေးက သူ့လက်သီးတွေကို ဆုပ်ကိုင်လာသည်။

"ဒယ်ဒီ"

"အင်း"

"ချစ်လားဟင် မောင့်ကို"

"အ့ အရမ်း ချစ်တယ်.. မောင့်ကို"

လက်သီးဆုပ်တွေကို ဖြန့်လိုက်ကာ ကောင်လေးလာကိုင်သည့် လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်မိပြီး လက်ဖဝါးတွေကို ထပ်တူကျစေလျှက် လက်ချောင်းတွေကို ယှက်နွယ်ရင်း အားပြုထားလိုက်မိသည်။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now