အပိုင်း-၂၄

229 6 0
                                    

ရဲမာန်ဝင့်ထည်၏ ဆိုးသွမ်းမှုကြောင့် နောက်နေ့မှာမျိုးလွင်ဦး တစ်ယောက် နေမကောင်းဖြစ်သွားကာ ရုံးပင်မတက်နိုင်တော့ချေ။ ထို့ကြောင့် စိတ်ဆိုးဟန်ပြတော့ ကောင်လေးက ရယ်မောရင်းသာ နေ၏။

"ဆေးလေးသောက်လိုက်အုံး ဒယ်ဒီ"

ကုတင်ဘောင်ပေါ် မှီထိုင်နေရင်း မျက်မှောင်တို့ ကုတ်ကာ ကြည့်လိုက်တော့ ရယ်ကာမောကာြဖင့် မျက်နှာကိုလာဖြစ်ညှစ်၏။

"ချစ်စရာကောင်းအောင် မလုပ်နဲ့ ဒယ်ဒီရာ"

မျက်စောင်းတစ်ချက်ပေးလိုက်တော့ နဖူးကို ခပ်ဖွဖွလာနမ်းပြန်သည်။

"ဆေးသောက်နော် အချစ်ကလေး"

စိတ်ကိုလျှော့ရင်း သက်ပြင်းတစ်ချက်ချကာ ဆေးအား ယူသောက်လိုက်မိတော့သည်။

"မောင့်အချစ်ကလေး"

မေးဖျားကို ကိုင်ဆွဲကာ ပြောနေသဖြင့် လက်ကို ပုတ်ထုတ်လိုက်မိသည်။ အခုထိ နေရထိုင်ရတာ မသက်သာသေးသဖြင့် စိတ်တိုတိုဖြင့်သာ။

"မောင့် အချစ်ဦးလေးရာ စိတ်မဆိုးပါနဲ့။ မောင်ကချစ်လို့ပါ......နော်"

နှာခေါင်းချင်း ပွတ်ကာ ပြောဆိုနေသော ကောင်လေးကြောင့် မျိုးလွင်ဦး နှလုံးသားလေးလဲ အရည်ပျော်ကျရပြန်ပါပြီ။

"နောက်ဆို အဲ့ဒီ..လောက်ကြီး မဆိုးနဲ့"

"ဟုတ်ကဲ့ပါ ခင်ဗျ။ စိတ်မဆိုးနဲ့တော့နော်"

"အင်း"

"ချစ်တယ် မောင့်ရဲ့ အသဲလေး။ ခဏအိပ်လိုက်အုံးနော်"

"အင်း"

"ချစ်ရဲ့လား မောင့်ကိုရော"

အသာခေါင်းညိတ်ပြမိတော့ မျက်နှာကို ဖြစ်ညှစ်ကာ နမ်းပြန်သည်။ ဒီကောင်လေးဟာ သူ့ကို ကလေးလို ဆက်ဆံနေတော့တာပါပဲ။

~~~~~~~~~~~~~~~~~~~~~
အလုပ်နှစ်ရက်လောက် နားလိုက်ရခြင်းကြောင့် အရောင်းအဝယ်ကိစ္စများက တောင်လိုပုံထပ်နေတော့သည်။ ဧည့်ခန်းထဲမှာ စာရွက်စာတမ်းတွေနှင့် ထိုင်ကာအလုပ်လုပ်နေစဥ် အနားသို့ရောက်လာသည့် ကောင်လေး။

"ပင်ပန်းနေပြီလား ဒယ်ဒီ"

"မပင်ပန်းပါဘူး။ ဒါပေမယ့် အလုပ်တော့ နည်းနည်းရှုပ်သွားတာပေါ့"

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now