အချပ်ပို(Extra)

539 9 0
                                    

ခြံထဲမှာ ကားသံကြားလိုက်ရတာမို့ မျိုးလွင်ဦး အသာနားစွင့်မိလိုက်သည်။ အတန်ကြာသည်အထိ ကားစက်သံကြားနေရဆဲမို့ ဘာများဖြစ်နေသလဲ သိချင်စိတ်ဖြင့် ပြတင်းပေါက်ဘက်ကို အသာလှမ်းလိုက်ပြီး လိုက်ကာစကို လက်ညှိုးထိပ်လေးဖြင့် အသာတွန်းဖယ်ကာ ခြံထဲသို့ချောင်းကြည့်လိုက်သည်။ ကားပေါ်မှာ ကောင်လေးက တစ်စုံတစ်ယောက်နှင့် နမ်းရှိုက်နေခဲ့သည်။ ဒီလို မြင်ကွင်းမျိုးတွေက ဖန်တရာထေနေပြီး မြင်တွေ့နေကျ ရိုးနေလောက်ပြီ ဖြစ်သင့်ပေမယ့် မြင်ရတိုင်း သူ့နှလုံးသားကို နာကျင်စေသည်။အောင့်မျက်လာသော နှလုံးသားကြောင့် ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သဖြင့် မျက်နှာလွှဲရန် ပြင်လိုက်စဥ် မြင်လိုက်ရသော အရာကြောင့် သူအံ့သြမိသွားသည်။ ကောင်လေးနမ်းနေသည့် တစ်ယောက်က အရင်နေ့များကလို မိန်းကလေး မဟုတ်ပဲ ကောင်လေး နှင့်ရွယ်တူရှိလောက်မည့် ယောကျ်ားလေးတစ်ယောက်။

ကောင်လေး...ကောင်လေးက ယောက်ျားလေးတွေကိုပါ ကြိုက်တတ်တာလား။

ထို့သို့အတွေးများစွာဖြင့် မှင်သက်စွာ ကြည့်နေမိစဥ် ကားပေါ်မှ ကောင်လေးက ဒိုင်းခနဲ သူ့အခန်းရှိရာဆီသို့ မျက်လုံးလှန်ကြည့်လာသည်။ ဒိန်းကနဲဆောင့်တတ်သွားသော နှလုံးခုန်သံနှင့်အတူ လိုက်ကာစကို ဖယ်ထားသည့် လက်လေးကို အလျင်အမြန်ပြန်ချလိုက်ပြီး လိုက်ကာနောက်မှာ ပုန်းကွယ်လိုက်မိသည်။ မီးမှိတ်ထားပြီး လိုက်ကာများပါ ချထားသည်မို့ ကောင်လေးမမြင်နိုင်လောက်မှန်း သိပေမယ့် တဒိန်းဒိန်းခုန်ပေါက်နေသော နှလုံးခုန်သံများကတော့ အခုထိရပ်တန့်မသွားသေး။ ညအမှောင်ကြားထဲမှာ သူတိတ်တိတ်ကလေး ခိုး၍ ပြုံးမိလိုက်တာတော့ ဝန်ခံရမလား မပြောတတ်တော့။

အိပ်ရာပေါ် လှဲနေရသော်လဲ အခုထိတုန်ရီနေသော ရင်အစုံကြောင့် အိပ်လို့မရသေး။တစ်ဖက်မှာတော့ ကောင်လေးက ယောကျ်ားလေးတွေကိုပါ ကြိုက်တတ်တာကြောင့် ပျော်နေမိသလို တစ်ဖက်မှာလဲ အဲ့ဒီလိုပျော်နေမိခြင်းကြောင့် ကိုယ့်ကိုကိုယ် စက်ဆုပ်ရွံရှာမိနေသည်။ ကုတင်ပေါ်လူးလှိမ့်ရင်း ပူလောင်နေသော ရင်အစုံကြောင့် ရေအေးအေးလေးတစ်ခွက် သောက်ချင်လာမိသည်။ မီးမဖွင့်ချင်တော့၍ အမှောင်ထဲ၌သာ အောက်ထပ်ဆင်းပြီး မီးဖိုချောင်ထဲက ရေခဲရေလေး သောက်လိုက်မှ နဲနဲနေသာသွားသလို ရှိတော့သည်။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now