ကားပေါ်မှာ တစ်ဖက်ကို မျက်နှာလှည့်ကာ စိတ်ဆိုးနေသည့် အသေးလေးကြောင့် ရဲမာန်ဝင့်ထည်ရယ်မိသည်။
"စိတ်ကောက်နေတာလား ဒယ်ဒီ"
"စိတ်ကောက်နေတာ မဟုတ်ဘူး။ မဆင်မခြင်လုပ်တဲ့ မင်းကို စိတ်တိုနေတာ။ အမြဲတမ်း လုပ်လိုက်ရင် မဆင်မခြင်နဲ့ တဇွတ်ထိုး လုပ်ချင်တာ ဇွတ်မလုပ်ပါနဲ့လို့ ငါမပြောထားဘူးလား"
"ဒါကတော့ ဒယ်ဒီရယ်။ သတင်းတွေက ပြန့်နေလို့ သိသင့်သလောက် လူတွေလဲ အကုန်သိပြီးသားပဲ။ မောင် တရားဝင်ကြေငြာလိုက်တော့ ပိုမကောင်းဘူးလား။ မဟုတ်ရင်နောက်ကွယ်မှာ အတင်းပြောနေကြအုံးမယ်"
"ဘာပဲဖြစ်ဖြစ်လေ၊ မင်းကအခုမှ ကုမ္ပဏီကို လက်လွှဲယူတာကို ချက်ချင်းကြီး ကြေငြာ လိုက်ရသလား။ နည်းနည်းကြာမှ ပြောတော့ရော မရဘူးလား။ ရှယ်ယာရှင်တွေက ရှယ်ယာတွေအကုန်ပြန်ထုတ်သွားကြရင် ဘယ်လိုလုပ်မလဲ"
"အခု ပြန်မှမထုတ်ကြတာပဲကို။ ပြန်ထုတ်သွားကြတော့လဲ ဘယ်တတ်နိုင်မလဲ မိုးကုတ်ပြန်ပြီး ကျောက်တွင်းပြန်လုပ်မှာပေါ့"
"စကားကို ပြောလိုက်ရင် အမြဲတမ်း ပေါ့တီးပေါ့ပျက်နဲ့"
"တကယ်ပြောတာပါ ဒယ်ဒီရဲ့။ မောင့်အဖိုးက ကျောက်တွင်းလုပ်တဲ့ဘဝကနေ ဝင့်ထည်လုပ်ငန်းကို တည်ထောင်လာနိုင်ခဲ့တာ။ မောင်လဲ ဘာလို့မလုပ်နိုင်ရမှာလဲ"
"အပြောကတော့ ရွှေမန်း"
"စိတ်မဆိုးပါနဲ့ ဒယ်ဒီရယ်။ မောင်က ဒယ်ဒီ့ကို နောက်ကွယ်မှာ လူတွေ အတင်းအဖျင်းပြောမှာကို မခံချင်လို့ပါ"
"အခုလိုပြောလိုက်တော့ရော အတင်းအပြောမခံရဘူးတဲ့လား"
"မတူဘူးလေ။ ကောလဟာလ အတင်းအဖျင်းနဲ့ တရားဝင် အတင်းအဖျင်း"
စကားတတ်လွန်းသည့် ကောင်လေးကြောင့် ဘာမှပြန်မပြောနိုင်တော့ပဲ မျက်မှောင်ကြုံ့ကာကြည့်ပေးလိုက်တော့ အတင်းလာနမ်းပြန်သည်။
"ဖယ် လာမနမ်းနဲ့"
"ချစ်သဲကလဲ ဘာဖြစ်လို့လဲ။ ချစ်လို့နမ်းတာကို စိတ်မဆိုးပါနဲ့"
YOU ARE READING
မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)
Romans𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐀𝐮𝐧𝐠 𝐌𝐲𝐢𝐧𝐭 𝐊𝐲𝐚𝐰 𝐌𝐲 𝐒𝐭𝐞𝐩-𝐅𝐚𝐭𝐡𝐞𝐫 𝐢𝐬 𝐌𝐢𝐧𝐞 (𝐁𝐨𝐨𝐤 𝐕𝐞𝐫𝐬𝐢𝐨𝐧)