အပိုင်း-၁၄

363 11 1
                                    

[မည်သည့်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် တဖက်သား၏ သဘောဆန္ဒမပါဝင်ပဲ အလိုမတူ အတင်းအဓမ္မ လိင်ဆက်ဆံခြင်းသည် မုဒိမ်းမှု ဖြစ်ပါသည်]
*

ဦးမျိုးလွင်ဦး နှင့် ဒေါ်အေမီသွင်
တို့၏ စေ့စပ်မင်္ဂလာပွဲ။

လက်ထဲက ဖိတ်စာကို ဒေါသတကြီး ဆုပ်ချေပစ်လိုက်မိတယ်။ အခန်းတံခါးကို ဆောင့်ကန်ဖွင့်ကာ ဝင်သွားတော့ ညတိုင်းရောက်နေကျ အခန်းလေးရဲ့ စားပွဲခုံမှာ စာရွက်စာတမ်းတွေကြည့်နေသော ဒယ်ဒီ။ဆုပ်ချေထားသော ဖိတ်စာကို စားပွဲပေါ်ပစ်ပေါက်လိုက်ရင်း

"ခင်ဗျား ဒါဘာစောက်ချိုးချိုးတာလဲ"

"ငါ မင်းအဖေနော် စကားပြောတာ မရိုင်းစမ်းနဲ့"

"ကျစ်...လာပြန်ပြီ ဒီအဖေ။ သွေးတစ်စက်မှမရောတာကို အဖေဖြစ်ချင်မနေနဲ့။ ဒါဘာလုပ်တာလဲ လို့ ခင်ဗျားကိုမေးနေတာ ဖြေ"

"မတွေ့ဘူးလား စေ့စပ်ပွဲဖိတ်စာလေ"

"ဘာ.....ဘာလို့လဲ။ ဒီအတောအတွင်း ခင်ဗျားနဲ့ ကျွန်တော် အဆင်ပြေနေပြီ ထင်ခဲ့တာ"

"တစ်ဖက်သတ် အတင်းအကြပ်ရယူထားတဲ့ ကိစ္စတွေကို အဆင်ပြေနေတယ်လို့ ထင်နေရင်တော့ မင်းမှားနေပြီ ရဲမာန်"

"ဘာပြောတယ်"

"ဒီမှာ သားရဲမာန်။ ဒယ်ဒီက မင်းရဲ့ အဖေပါ။ မင်း ဒီလိုတွေပြုမူပြီး ဒယ်ဒီ့အပေါ် အဲ့ဒီလို စိတ်မျိုးထားလို့မရဘူး"

"ဘာအဖေလဲ ကျွန်တော် ခင်ဗျားကို အဖေ မဖြစ်စေချင်ဘူးလို့ ပြောပြီးသား။ ကျွန်တော် ခင်ဗျားကို အရမ်းချစ်တယ်။ခင်ဗျားကို အဖေလို့လဲ တစ်ခါမှမသတ်မှတ်ဖူးဘူး။ ခင်ဗျားက ကျွန်တော့်အပိုင်။ အခုချက်ချင်း ဒီစေ့စပ်ပွဲကို ဖျက်"

"ရဲမာန် သား အဖေနဲ့ အနေနီးတာများပြီး ငယ်သေးလို့ စိတ်ကစားတာ နေမှာပါကွာ။ ဒယ်ဒီလဲ လက်ထပ်လိုက်ရင် သားစိတ်တွေလဲ ပြောင်းလဲချင်ပြောင်းလဲ သွားမှာပေါ့"

"ခင်ဗျားကို တွေ့တိုင်း ကျုပ် စိတ်ကြွလာတာကရော စိတ်ကစားတာဖြစ်မလား"

'ဖြောင်း'

ချာကနဲလည်အောင်ချခံလိုက်ရသော ရဲမာန်ဝင့်ထည်၏ ပါးတစ်ဖက်။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now