အပိုင်း-၃၆

244 6 1
                                    

မင်္ဂလာပွဲကို စိတ်လှုပ်ရှားစွာဖြင့် တက်ကြွစွာ ပြင်ဆင်နေသော ကောင်လေးကို ကြည့်ရင်း မျိုးလွင်ဦး ခေါင်းကို ခါရမ်းလိုက်မိတယ်။ မင်္ဂလာပွဲကို အေးအေးဆေးဆေးနဲ့ ဖြေးဖြေးမှ လုပ်လဲ ရနေတာကို ဘာလို့အသည်းအသန် အမြန်စီစဥ်နေမှန်း နားမလည်နိုင်ပေ။ အခုတော့ သုံးလအတွင်း မင်္ဂလာပွဲကို ရအောင် စီစဥ်နေလေ၏။ ဝင့်ထည်မိသားစု မျိုးရိုးကိုက မင်္ဂလာဆောင်ကို အမြဲတမ်းအသည်းအသန် လုပ်နေကြတာများလားလို့ ရူးကြောင်ကြောင်တွေးမိသေး၏။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ သူ့အတွက်တော့ ကောင်လေး ပျော်ရွှင်နေလျှင်ရပြီ။မင်္ဂလာပွဲအခမ်းအနား အစီအစဥ်ကို လာပြတော့ မျိုးလွင်ဦး မျက်လုံးပြူးရသေးသည်။

"ဘာလို့ အဲ့ဒီလောက်အကြီးအကျယ်ကြီး လုပ်မှာလဲ မောင်ရယ်။ အရမ်းကြီး အကျယ်မချဲ့ပါနဲ့ ရိုးရိုးလေးပဲ လုပ်ကြမယ်လေ"

"မရပါဘူး။ ဘာလဲ ဒယ်ဒီက မောင့်အမေနဲ့ကျတော့ မင်္ဂလာပွဲလုပ်ခဲ့ပြီး မောင်နဲ့ကျတော့ မင်္ဂလာပွဲမလုပ်ချင်တာလား"

"မဟုတ်...မဟုတ်ဘူးလေ မောင်ရယ်။ ဒါပေမယ့် ဒီလောက်ကြီးကျ အရမ်းချဲ့ကားလွန်းမနေဘူးလား။ ဘုန်းကြီးကျောင်းမှာ ဆွမ်းကျွေးလေးကပ်လိုက်ပြီး ညနေကျမှ ဧည့်သည် အနည်းအကျဥ်း လောက်နဲ့ ဧည့်ခံပွဲလုပ်ရင်လဲ ရတာပဲ မောင်ကလဲ"

"မောင်နဲ့ ယူရမဲ့ မင်္ဂလာပွဲကို ဒယ်ဒီက သာမန်လိုပဲ လုပ်ချင်တာလား။ အင်းပေါ့ ဒယ်ဒီက ဒုတိယအကြိမ်ဆောင်ရတာဆိုတော့ ဘယ်ထူးဆန်းတော့မှာလဲ။ မောင်ကသာ အပိုတွေလုပ်နေမိတာ"

စိတ်မကောင်းဖြစ်သွားဟန်လေသံနှင့် မျက်နှာမကောင်းဖြစ်သွားသော ကောင်လေးကြောင့် မျိုးလွင်ဦး သက်ပြင်းချလိုက်မိသည်။ သတို့သမီးလေးတွေက မင်္ဂလာပွဲနီးရင် စိတ်အတက်အကျမြန်တတ်ပြီး ဆတ်ဆတ်ထိမခံ ဖြစ်တတ်ကြတယ်လို့ ကြားဖူးတာ။ ကောင်လေးကလဲ အဲ့ဒီလိုမျိုးများ ဖြစ်ချင်နေတာလား မသိ။ သူ့အမေနဲ့တောင် နှိုင်းယှဥ်ပြီး သဝန်တိုကာ စိတ်မကောင်းဖြစ်နေသော ကောင်လေးကြောင့် မျိုးလွင်ဦးလဲ လက်လျော့လိုက်ရတော့သည်။ ဒီကောင်လေးကို ဘယ်တုန်းက သူ နိုင်ဖူးလို့လဲ။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now