အခန်းထဲ ရောက်ရောက်ချင်း နံရံဘက်ကို ဆောင့်တွန်းခံလိုက်ရပြီး ဖိကပ်ခံလိုက်ရတာမို့ မျိုးလွင်ဦး ကျောပင်အောင့်သွားရသည်။
"အ့..ရဲမာန် ဘာဖြစ်လို့လဲ"
ကောင်လေးက ဘာမှမပြောလာပဲ စူးစိုက်ကြည့်ကာ နမ်းရှိုက်လာသည်မို့ အလိုက်သင့်အနမ်းများ ပြန်ပေးလိုက်၏။ ပြင်းပြသော အနမ်းကြမ်းတွေကြား အချိန်အတော်ကြာ ယစ်မူးပြီးသကာလ အသက်ရှုရန် ခဏရပ်နားလိုက်သည်။ ကောင်လေးမှာလဲ သူနှင့်နဖူးချင်း ထိကပ်ထားကာ အသက်ရှုနေ၏။ လေပူတွေဟာ သူ့နှာခေါင်းဝနားကို လာရောက် ကလူကျီစယ်လေသည်။ ကောင်လေးရဲ့လက်တွေ့ဟာတော့ သူ့ခါးကို ကိုင်ထားပြီး မျက်ဝန်းတွေကတော့ အလိုမကျစွာ ဖြစ်တည်နေဆဲ။ ကောင်လေး၏ ချောမောလှစွာသော ပါးရိုးတွေကို သူ့လက်နှစ်ဖက်နှင့် ထိန်းကိုင်လိုက်ပြီး
"စိတ်ဆိုးနေသေးတာလား"
"ဘယ်သူက စိတ်ဆိုးနေလို့လဲ"
"ဒါဆို သဝန်တိုနေတာလား"
"ဟွန်း"
မကျေမနပ် နှာမှုတ်လိုက်သည်ကြောင့် ထိလုမတတ်ဖြစ်နေသည့် သူ့မျက်နှာပေါ်ကို လေပူတွေက ပြင်းထန်စွာလာရောက်ထိခတ်သည်။ ကောင်လေး၏ သဝန်တိုကာ စိတ်တိုနေသည့်ပုံမှာ ချစ်စရာကောင်းလွန်းသောကြောင့် မျိုးလွင်ဦး တသိမ့်သိမ့်လှိုက်ကာ ရယ်မိ၏။
"ဘာရယ်တာလဲ"
"ချစ်ဖို့ကောင်းလို့"
ထိုအခါ ကောင်လေးက သူ့ခါးတွေကို ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းတစ်ဖက်ထဲသာ တွန့်ရုံဖြင့် ညစ်တစ်တစ်ပြုံးလာတယ်။
"ခဏနေကျရင် ချစ်ဖို့ကောင်းအုံးမလား သိချင်သေးတယ်"
ပြောရင်း မျိုးလွင်ဦးကိုယ်လုံးအား ဆွဲလှည့်လိုက်သဖြင့် နံရံနှင့် မျက်နှာမူလိုက်ရ၏။ကောင်လေးက သူ့ခါးကို အနောက်သို့ နဲနဲ ဆွဲလိုက်သဖြင့် နောက်ပြန် လှည့်ကြည့်ရင်း တားလိုက်မိသည်။
"ဘာလုပ်မလို့လဲ ရဲမာန်"
ထိုအခါ သူ့တင်ပါးကို လက်ဖဝါးဖြင့် ခပ်ဆတ်ဆတ်ရိုက်လိုက်သည့် ကောင်လေး။
YOU ARE READING
မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)
Lãng mạn𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐀𝐮𝐧𝐠 𝐌𝐲𝐢𝐧𝐭 𝐊𝐲𝐚𝐰 𝐌𝐲 𝐒𝐭𝐞𝐩-𝐅𝐚𝐭𝐡𝐞𝐫 𝐢𝐬 𝐌𝐢𝐧𝐞 (𝐁𝐨𝐨𝐤 𝐕𝐞𝐫𝐬𝐢𝐨𝐧)