"ဒယ်ဒီအချစ်ကလေး နေမကောင်းဘူးလား"
"ဟင်...ကောင်းပါတယ် ဘာဖြစ်လို့လဲ"
"မျက်နှာသိပ်မကောင်းလို့။ ဖျားချင်နေလို့လား။ အဲ့ဒီအလုပ်တွေ ထားလိုက်ပါ။ လာ...ကျွန်တော့်ရင်ခွင်ထဲ"
ပြောပြောဆိုဆို ပွေ့ချီယူကာ သူ့ပေါင်ပေါ်တင်လိုက်သဖြင့် ကောင်လေးရင်ခွင်ထဲမှာ နစ်မြုပ်သွားရတော့သည်။ ကောင်လေးကတော့ သူ့ဆံပင်တွေကို ဆော့ကစားကာ နမ်းရှိုက်နေ၏။
"မောင်"
"အင်း အချစ်ကလေး"
"မောင့် အဖေ မြန်မာနိုင်ငံ ရောက်နေတယ်"
ဆံပင်တွေကို ဆော့ကစားနေသည့် လက်တွေက ခဏတော့ရပ်တန့်သွား၏။ သို့သော် ခဏအကြာတွင် ပြန်လည်ကာ ကစားရင်း ဆံနွယ်တွေကို ထိုးဖွနေပြန်သည်။
"အင်း အဲ့ဒါ ဘာဖြစ်လို့လဲ"
"မောင်နဲ့ တွေ့ချင်လို့တဲ့။ မောင်ရော တွေ့ချင်လား"
"ဟက်.....မျက်နှာတောင် တစ်ခါမှမမြင်ဖူးတဲ့ သူကို မောင်ကဘာလို့ တွေ့ချင်ရမှာလဲ"
ရဲမာန်ဝင့်ထည်ပြောစကားကြောင့် မျိုးလွင်ဦးလဲ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ ကောင်လေးအား မျက်နှာချင်းဆိုင် ကြည့်လိုက်ပြီး
"ဘာပဲဖြစ်ဖြစ် သူက မောင့်အဖေပဲလေ"
"မောင့်ကို ပစ်သွားကတည်းက သူက မောင့်အဖေမဟုတ်တော့ဘူး။ ငယ်ငယ်လေးကတည်းက အခုချိန်ထိ တစ်ခါမှလာမကြည့်ခဲ့ပဲ အခုမှ လာတွေ့ပြီး ဘာလုပ်ချင်တာတဲ့လဲ"
"ဒါပေမယ့် မောင်က သူ့သွေးသားလေ။ မောင့်အခြေအနေက သူလာကြည့်စရာမလိုအပ်ခဲ့တဲ့ အခြေအနေမို့ လာမကြည့်ခဲ့တာ ဖြစ်မှာပါ။ မောင်က ဝင့်ထည်စံအိမ်ကြီးရဲ့ တစ်ဦးတည်းသော မြေးလေးဆိုတော့ အရာရာပြည့်စုံနေတဲ့ မောင့်အတွက် ဖြည့်ဆည်းပေးစရာ ဘာမှမလိုအပ်ခဲ့ဘူးလေ"
"ဒါဆို ကလေးတစ်ယောက်အတွက် လိုအပ်တဲ့ မိဘမေတ္တာတရားကရော..."
YOU ARE READING
မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)
Lãng mạn𝐂𝐨𝐯𝐞𝐫 𝐀𝐫𝐭 - 𝐀𝐮𝐧𝐠 𝐌𝐲𝐢𝐧𝐭 𝐊𝐲𝐚𝐰 𝐌𝐲 𝐒𝐭𝐞𝐩-𝐅𝐚𝐭𝐡𝐞𝐫 𝐢𝐬 𝐌𝐢𝐧𝐞 (𝐁𝐨𝐨𝐤 𝐕𝐞𝐫𝐬𝐢𝐨𝐧)