အပိုင်း-၂၈

220 4 1
                                    

နောက်နှစ်ရက်ကြာပြီးနောက် ကောင်လေးပြန်ရောက်လာခဲ့ပါသည်။ အခန်းထဲဝင်လာလာချင်း ရင်ခွင်ကျယ်ကြီးကိုဖွင့်ဟကာ လက်နှစ်ဖက်ကို ဆန့်တန်းပြီး ပြုံးပြလာသဖြင့် သူလဲ ကောင်လေး ရင်ခွင်ထဲ ပြေးဝင်ရင်း ခိုနားလိုက်မိပါတော့သည်။ ယောကျ်ားဆန်ဆန် ရနံ့တို့ကို ရှူရှိုက်မိရင်း သူလဲ ပြုံးကာ ကောင်လေးအား ခပ်တင်းတင်းဖက်တွယ်ထားလိုက်မိသည်။

"လွမ်းနေတာလား မောင့်ကို"

"အင်း...လွမ်းတယ်"

ပွင့်ပွင့်လင်းလင်း အဖြေကြောင့် ကောင်လေးက အနည်းငယ်တော့ အံ့သြသွားပုံပင်။ သူ အမြဲတမ်းချစ်စကား ကြိုက်စကားတွေကို ပွင့်ပွင့်လင်းလင်း ပြောဆိုရမှာ ရှက်ခဲ့တယ်။ အသက်အရွယ်ကြောင့်ရော၊ ရှက်စိတ်ကြောင့်ပါ ခံစားရသမျှကို ကောင်လေးကို သေချာဖွင့်ဟမပြောမိခဲ့။ သို့ပေမယ့် ယခုတစ်ခေါက်အဖြစ်အပျက်မှာ သူသေချာ နားလည်သွားခဲ့ပါသည်။ ကောင်လေးကို ဘယ်လောက်ချစ်ကြောင်း၊ လွမ်းကြောင်းတွေ မပြောလိုက်ရပဲ ခွဲခွာရမည်ဆိုပါက သူသေတဲ့အထိနောင်တရလို့ ဆုံးမှာ မဟုတ်တော့။ ထို့ကြောင့်သာ သူခံစားရသမျှကို ကောင်လေးကို င့်ပွင့်လင်းလင်းဖွင့်ဟ ပြောဖို့ ဆုံးဖြတ်လိုက်ခြင်းပေ။ အံ့သြနေသည့် ကောင်လေးကြောင့် လျှပ်တပြတ် အခွင့်အရေးယူကာ ကောင်လေး၏ နှုတ်ခမ်းတွေကို ဖြတ်ခနဲ နမ်းပစ်လိုက်သည်။

'ပြွတ်'

"ပြီးတော့ မောင့်ကို အရမ်းလဲ ချစ်တယ်"

သူ့စကားအောက်မှာ ကောင်လေး၏ မျက်ဝန်းတွေက မဲနက်ကာ အသိစိတ်ပျောက်သွားသလိုပင်။ သူ့အား တင်းကြပ်စွာ ဖက်တွယ်လာပြီး အကြမ်းပတမ်းနမ်းရှိုက်လာတော့သည်။ သူလဲကောင်လေး၏ အနမ်းကြမ်းကြမ်းများကို လွမ်းဆွတ်တမ်းတနေခဲ့သည်ဖြစ်ရာ ပြန်လည်၍ တုံ့ပြန်ကာ အတူစီးမြောလိုက်ရင်း .....။

~~~~~~~~~~~~~~~~~~

"အိပ်နေပြီလား ဒယ်ဒီ"

"မအိပ်ပါဘူး"

"မောင်ပြောပြတာ နားထောင်ချင်လား "

"အင်း"

"ဝေယံမင်းက မောင့် သူငယ်ချင်းပါ။ ဒါပေမယ့် အရင်က ခဏတော့ တွဲခဲ့ဖူးတယ်။ အခုတော့ သူငယ်ချင်းလိုပါပဲ"

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now