အပိုင်း-၁၇

260 8 1
                                    

ညအိပ်ချိန်မှာ ကုတင်ပေါ် တိုးဝှေ့တက်လာပြီး အတင်းအကြပ်ဆွဲဖက်ကာ နမ်းရှိုက်နေသော ကောင်လေး။

"ရဲမာန်....ညတိုင်း ဒီမှာပဲ လာအိပ်နေတော့မှာလား"

"အွန်းလေ။ ဗာဖြစ်လို့လဲ"

ရင်ဘတ်တွေကို ပွတ်သပ်နမ်းရှိုက်နေသော ကောင်လေးမှာ သူ့စကားကို သေချာပြန်ဖြေရန်မအားပေ။

"ကိုယ့်အခန်းကိုလဲ ပြန်အိပ်အုံး"

"ဒီမှာ ဒယ်ဒီရှိနေတာကို ကျွန်တော်က ဘယ်လိုလုပ် တခြားအခန်းမှာ သွားအိပ်နိုင်မှာလဲ"

"ဒါ...ဒါပေမယ့် ညတိုင်းကျ မလွန်လွန်းဘူးလား။ ပြီးတော့ မင်းက ရိုးရိုးအိပ်တာလဲမဟုတ်ဘူး....."

"ဟုတ်လား ကျွန်တော်က ရိုးရိုးမအိပ်ပဲ ဘာလုပ်လို့လဲ"

နား အနားကပ်ကာ လေသံတိုးတိုးဖြင့် ပြောရင်း သူ့ရင်ဘတ်အား ဆုတ်ချေနေသောအခါ မျိုးလွင်ဦးလဲ ဘာမှ ထပ်မပြောနိုင်တော့။ ထို့နောက်တွင်တော့ ပူးကပ်သွားသော နှုတ်ခမ်းပါးနှစ်စုံ။ ပြင်းပြသော အသက်ရှုသံတွေ ပူပြင်းသောထိတွေ့မှုတွေကြား မျိုးလွင်ဦး နစ်မြုပ်သွားရပြန်ပါသည်။

ရဲမာန်ဝင့်ထည် သူ့ကိုကြည့်နေသော အောက်ကအသေးလေးအား သေချာစွာပြန်လည်ကြည့်ရှုလိုက်တော့ သူ့ကြောင့် ယစ်မူးတုန်လှုပ်နေတဲ့ မျက်ဝန်းတွေဟာ သိပ်ကို လှပလွန်းတယ်။ နဖူးချင်းထိကပ်ထားလျှက် စိတ်ကိုထိန်းရင်း အံကိုကြိတ်ကာ ပြောလိုက်မိသည်။

"ချစ်တယ်နော် ဒယ်ဒီ။ ကျွန်တော့်ရဲ့အချစ်ကလေး"

"အင်း....ကောင်လေး"

စိတ်ကိုချုပ်တည်းထားသော်လဲ ဒယ့်ဒီရဲ့ ကောင်လေးခေါ်သံအောက်မှာ ပြန်လည်လွတ်ထွက်သွားသော စိတ်အစဥ်။

အချစ်စစ်မြေပြင်မှာ မျိုးလွင်ဦးတယောက် စောစီးလျှင်မြန်စွာ အရှုံးပေးနောက်ဆုတ်ခဲ့သော်လဲ ရဲမာန်ဝင့်ထည်ကတော့ လက်မလျှော့ခဲ့ပေ။ အကြိမ်ကြိမ်အခါခါ အဆုံးထိ ရအောင် အောင်မြင်စွာ သိမ်းပိုက်နေရင်း အချိန်အတော်ကြာမြင့်ခဲ့လေသည်။
~~~~~~~~~~~~~~~~~~~~~

မျိုးလွင်ဦး ခုံမှာထိုင်ရင်း လုပ်နေကျ အလုပ်ကိစ္စများကို လုပ်နေမိသည်။ စာရွက်စာတမ်းတွေ စီစစ်ရင်း အကြည့်တို့က စားပွဲဆီအရောက် ကောင်လေးနှင့် သူ့ဓာတ်ပုံကြောင့် ပြုံးလိုက်မိ၏။မင်္ဂလာဆောင်မှာ ရိုက်ထားသည့်ပုံကိုအရွယ်မရောက်သေးခင် ရိုက်ထားသည့် ပုံဖြစ်သဖြင့် မကြိုက်ဟု ဆိုကာ နှစ်ပေါင်းများစွာ စားပွဲပေါ်မှာရှိနေသည့် ဓာတ်ပုံလေးမှာ ဖယ်ရှားခံလိုက်ရသည်။ ထိုအစား မျိုးလွင်ဦးနှင့် ရဲမာန်ဝင့်ထည်တို့ နှစ်ယောက်သား တွဲရိုက်ထားသည့် ပုံလေးက အစားထိုးဝင်ရောက်လာခဲ့သည်။ ပုံထဲက ကောင်လေးကတော့ သူ့ပုခုံးအား ဖက်ကာ သူ့အပိုင်ဆိုသည့် မျက်နှာမျိုးနှင့် ရင်ခွင်ထဲ ဆွဲသွင်းကာ ရိုက်ထားသည့်ပုံဖြစ်သည်။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now