အပိုင်း-၈

300 8 1
                                    

မနေ့က ဒယ်ဒီကို ပြောခဲ့မိတာတွေ လွန်သွားမှန်း သူ သိပါတယ်။ ဒယ်ဒီစိတ်မကောင်းဖြစ်သွားမှန်းလဲ သိပါတယ်။

ဒါပေမယ့်လဲ မတတ်နိုင်။ မူးနေသည့်အချိန်တွင် စိတ်ကလွတ်သွားပြီး ဘေးနားကနေ အဖေလို့ လာပြောနေသည့်အခါ စိတ်တိုသွား၍ ပြောမိလိုက်ခြင်းသာ။

"ဘယ်သူက သားအဖ ဖြစ်ချင်တယ် ပြောနေလို့လဲ"

စိတ်ပျက်လက်ပျက် ရေရွတ်ရင်းနဲ့သာ အခန်းထဲက အသုံးအဆောင်ပစ္စည်းလေးတွေ ကြည့်ကာ အနံ့အသက်လေးတွေကို ရှုရှိုက်လိုက်မှ စိတ်သက်သာရာ ရသွားတော့သည်။ ထိုစဥ် အံဆွဲတစ်ခုက သော့တန်းလန်းဖြစ်နေလေသည်။

"အဖိုးကြီးပေါက်စကတော့ သော့ပိတ်ဖို့ မေ့ခဲ့ပြန်ပြီထင်တယ်"

ရယ်မောရင်းသာ အံဆွဲကို ဆွဲထုတ်လိုက်တော့ အံဆွဲထဲမှာ သပ်သပ်ရပ်ရပ် စီရီထားသော စာချုပ် စာရွက်စာတမ်းများ၊ ဖိုင်များ။ အရာရာကို နည်းစနစ်ကျစွာ သပ်သပ်ရပ်ရပ်ထားတတ်သည့် ဒယ်ဒီ့အလုပ်စားပွဲ၊ အံဆွဲတွေ၊ ဗီရိုတွေက ရှုပ်ပွမနေပဲ သပ်ရပ်သန့်ရှင်းနေသည်။စာရွက်စာတမ်းတွေကို ကြည့်လိုက်တော့ ထွေထွေထူးထူး မဟုတ်ပဲ ကျောက်အရောင်းအဝယ်ကိစ္စနှင့် ဆိုင်ခန်းစာချုပ်တွေ။

ဒယ်ဒီက ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်သလဲဆိုရင် သူ့အခန်းထဲက အသုံးအဆောင်ပစ္စည်း တွေမှာတောင် သူ့ ရနံ့တွေ စွဲကျန်နေတတ်သည်။ အခုလဲ စာရွက်စာတမ်းတွေကို မွှေးကြည့်လိုက်တော့ နံသာဖြူအနံ့သင်းသင်းလေးမသိမသာရနေသည်။

"ဘယ်တော့များမှ ဒီလို နံသာဖြူရနံ့တွေ စွဲကျန်နေတဲ့ ဒယ်ဒီ့ပါးကို နမ်းခွင့်ရနိုင်မလဲ"

စာရွက်စာတမ်းတွေကိုပြန်ထည့်တော့ နောက်ဆုံးတစ်နေရာမှာ ရှိနေသည့် စာအုပ်လေးနှစ်အုပ်။ စာရွက်စာတမ်းတွေရဲ့ ဟိုးအနောက် အံဆွဲ၏ အဆုံးမှာ သေချာဒေါင့်ကပ်ထားသဖြင့် အံဆွဲကို အဆုံးထိ သေချာဆွဲမထုတ်လျှင် မမြင်နိုင်ပေ။

ဒယ်ဒီဘာတွေများ ဒီလောက်တောင် လျှို့ဝှက်ထားရလဲ သိချင်စိတ်ကြောင့် စာအုပ်လေးတွေကို ကြည့်လိုက်မိသည်။

မေတ္တာနှောင်သီ ချစ်ကြိုးချည် (Book Version)Where stories live. Discover now