စာရေးသူအမှာစာ

26.9K 292 37
                                    

ဒီFicဟာ MLက FMLကို ဆေးကြောင်ကြောင်ပြီး မုဒိမ်းကျင့်ပြီးယူထားတဲ့ Ficပါ
အရွဲ့တိုက်မှုတွေ၊ နာကြည်းမှုတွေနဲ့ ဇာတ်အိမ်ကိုတည်ထားတာမို့ လက်တွေ့မှာလုံးဝမရှိနိုင်တဲ့ စိတ်ကူးယဥ်Ficသက်သက်ပါ
မုဒိမ်းသမားက ထောင်ကျသင့်တယ်၊ စောက်ပေါFic၊ messageအမှားပေးတဲ့Ficဆိုတဲ့ အမျိုးကောင်းသမီးတွေ ကျော်ချသွားသင့်တဲ့ ဇာတ်လမ်းမျိုးမို့ပါ
Ficကို Ficလို အပျင်းပြေရုံ၊ စီးမျောရုံလောက်ပဲ ဖတ်ကြပါ

နောက်တစ်ခုက သားတိုင်း၊ သမီးတိုင်းကို လူတစ်ယောက်လိုဖန်တီးထားတာမို့ အပြစ်တစ်ခုခု၊ အနာအဆာတစ်ခုခုတော့ပါစမြဲပါ
အားနည်းချက်ကိုယ်စီပါတတ်ပါတယ်
ပြီးပြည့်စုံလွန်းတဲ့လူ၊ ခြောက်ပြစ်ကင်း သဲလဲစင်နေတဲ့ကာရိုက်တာမျိုး တစ်ခုမှမရှိပါဘူး
ကိုယ်တွေရဲ့ တကယ့်လက်တွေ့ဘဝကြီးမှာလည်း ဘယ်သူမှ စင်းလုံးချော ပြီးပြည့်စုံနေတာမဟုတ်ဘူး
ဒါကြောင့်မို့ ကျွန်မက ဒီလိုကောင်မျိုး၊ ကောင်မမျိုးကိုတွေပဲရေးပါတယ်

မင်းစေရော ခေခေပါ သက်ရှိလူတွေမဟုတ်ပေမယ့် ကျွန်မအတွက်တော့ ဒီနှစ်ယောက်ဟာ သက်ရှိလူတွေနဲ့မခြားနားပါဘူး
အချိန်ပေးပြီး ဖန်တီးထားတဲ့အရာတွေမို့ ကလေးတွေကိုဆဲဆိုတာ၊ ကျိန်ဆဲတာတွေကို ၅ခါအပြင်ထပ်ပြီးသည်းမခံနိုင်ပါဘူး
မင်းစေက မုဒိမ်းကျင့်ပြီးယူထားလို့ သူ့ကိုလူမဆန်ဘူးလို့ပဲ တော်တော်များများကမြင်နေကြတယ်
ဒီဖြစ်ရပ်ရဲ့နောက်ဆက်တွဲအနေနဲ့ ခေခေ့ရဲ့စကားတွေမှာ သူဘယ်လောက်နာကျင်ရလဲ၊
ဘယ်လောက်စိတ်ဆင်းရဲရသလဲ
သူချစ်တဲ့မိန်းကလေးရဲ့အမုန်းဒဏ်ကြောင့် ဘယ်လောက်ပင်ပန်းရလဲ၊
ဒီမိန်းကလေးကိုရင်မဆိုင်ရဲတော့လို့ လက်မြှောက်အရှုံးပေးလိုက်ရတာတွေ၊
သူကိုယ်တိုင်သေလုမျောပါးဖြစ်ခဲ့တာတွေက သူ့လုပ်ရပ်အတွက် ထိုက်တန်တဲ့အပြစ်ဒဏ်တွေပါ
ဒါကိုတော့မျက်ကွယ်ပြုထားပြီး ဟိုအမှားကိုပဲ ပုံကြီးချဲ့ဆဲဆိုနေကြတာ ရင်ထဲတကယ်မကောင်းဘူး

ဒီလိုပြောလို့ SကြီးSကျယ်ဖြစ်သွားရင် စာဖတ်သူတွေကို တောင်းပန်ပါတယ်
ဒီစာကိုလည်း ခြေထောက်နဲ့typingရိုက်နေတာပါ
လက်ကတော့ ဆရာကြီး၊ ဆရာမကြီးတွေကို တောင်းပန်တဲ့အနေနဲ့ လက်အုပ်ချီထားလို့ပါ🙏🙏🙏

  
Summer Maung

~~~~~~~~~~~~~~~~~

   




  
Summer Maung

အချစ်ဝိုင်Where stories live. Discover now