"ကိုကို ရေလောင်းပေး"
"ကိုကို ဆပ်ပြာဘူးညှစ်ပေး""ကိုကို မီးရောင်ကမမြင်ရဘူး ..
ဓာတ်မီးထိုးပေး"လက်မှာကပ်နေတဲ့ရေစက်ကလေးတွေခါထုတ်ရင် သော်သော်က ကိုကို လက်သုတ်ချင်တာ ဘယ်မှာသုတ်ရမလဲ မေးတော့
အဆိုင်းက အိမ်အ၀င် တန်းပေါ်က ပုဆိုးတစ်ထည်ဆွဲယူပြီးလှမ်းပစ်ပေးလိုက်တယ်။
လက်ကိုသုတ်ပြီးတာနဲ့သော်သော်က အခန်းတွင်းက အိပ်ရာပေါ်မြန်မြန်ပြေးတက်ပြီး စောင်ကိုဆွဲယူလွှမ်းခြုံသည်..
လွှမ်းခြုံရင်
"ဟူး..ဟူး အေးလိုက်တာ
ကိုကိုမြန်မြန်လာ အအေးမိလိမ့်မယ်.."
အဆိုင်းကတော့ ၄နာရီလောက်နီးပါး လမ်းကြမ်းပေါ်မှာ ဆိုင်ကယ်မောင်းလာရတဲ့အရှိန်ကြောင့် ခရီးတော်တော်ပန်းပြီးအနားယူချင်သော်လည်း ကပ်ချွဲမလေး ချစ်ဇနီး သော်သော်ကြောင့် ည၈နာရီခွဲသည်အထိကောင်းကောင်းအနားယူလို့မရ..
အဆိုင်းအိမ်ထဲ မ၀င်ခင် ဝါးဘန်ဂလိုတဲထဲက
မီးဖိုဘေးမှာအိပ်ပျော်နေပြီးဖြစ်တဲ့ သူငယ်ချင်း နှစ် ယောက်ကို လှမ်းကြည့်မိသည်..တစ်ခါတစ်လေကျတော့
"စင်ဂယ် အစ်သယ်ဇ်ဘတ်စ် ပေါ့ .."
တာ၀န်တွေ မရှိ ၀တ္တုရားတွေမရှိ..
ချွဲသူမရှိ ကပ်သူမရှိအဟမ်း... သက်ပြင်းချလိုက်ပြီ အိမ်က လေးထဲက အိပ်ခန်းလေးဆီ သူ ခြေလှမ်းလိုက်သည်..
အိပ်ခန်းအတွင်းရောက်သည်နှင့် အဆိုင်းက သော်သော်ဘက်ကို လှည့်မကြည့်ပဲ အိပ်ရာပေါ်က စောင်ကိုဆွဲယူခြုံရင် ၀င်လှဲအိပ်လိုက်သည်..
သော်သော်က တော့ သူမကို ကျောပေးထားသည့်အဆိုင်းကို နောက်ကနေသိုင်းဖက်ထားပြီး ကိုကိုလို့ခေါ်ရင် သူ့ကျောပြင်ပေါ် မျက်နှာအပ်ထားလိုက်သည်..
"ကိုကို သော်သော်ကို စိတ်ဆိုးနေတုန်း
ပဲလားဟင်.. သော်သော် လေနောင်တစ်ခါဆို ဘယ်တော့မှ ကိုကို ကိုပြန်လည်းမအော်တော့ဘူးနော် .. ကိုကိုပါးကိုလည်း ဘယ်တော့မှမရိုက်တော့ဘူးနော် ..နော်လို့"
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...