One Day-15

514 24 1
                                    


“ချစ်ရသူ နှင့်ကွေကွင်းရခြင်း ..သည်က ဒုက္ခ။

မချစ် မနှစ်သက် သောသူ နှင့် ပေါင်းဖက်ရခြင်း သည်က ဒုက္ခ..
နှစ်ခုစလုံးက ဒုက္ခချည်းပဲ...”

“ဒါပင်မယ့် ဒုက္ခချင်းအတူတူ ကျနော် အနေနဲ့ကတော့ဗျာမချစ်မနှစ်သက်သောသူ နဲ့ ပေါင်းဖက်ရခြင်း ဒုက္ခက ပို
ကြီးမား တယ်လို့ မြင်တယ်..”

“ကလေးမလေးက ဦးနှောက်ထိ သွားတာမဟုတ်ဘူးဗျ။
စိတ်နှလုံးသား ထိသွားတာ ..”

“ ကလေးမလေးက သူမရည်းစားနဲ့
သူမအဖေက ခွဲလို့ မကျေပွဲ နွှဲနေတာ လို့ အစက ကျနော်ထင်နေတာ။

အမှန်က မဟုတ်ဘူးဗျ။
ကလေးမလေးက ငယ်ငယ်က ရတဲ့ စိတ်ဒဏ်ရာ ကို ပြန်တူးဆွ
ခံရသလို ဖြစ်ပြီ သောင်းကျန်းနေတာ။

တော်တော် သနားဖို့ ကောင်းတဲ့ ကလေး။
အဖေ နဲ့ အမေ ကိုယ်ထိလက်ရောက် ရန်ဖြစ် အော်ဟစ် တဲ့မြင်ကွင်းကို မကြာခဏ မြင်တွေ့ခဲ့ရပုံပဲ။

ဆေးရုံရောက်ပြီ သတိရကတည်းက အော်နေတာ။

“ဖေဖေ့ကို မုန်းတယ်။ မေမေ့ကို ရိုက်တယ်။ကိုကို့ကိုရိုက်တယ်။ သော်သော်ကို ရိုက်တယ် ချည်းပဲ..”

“တစ်ကယ်လည်း အရိုက်ခံထားရပုံပဲဗျ။ ကလေးမ ပါးတစ်ခြမ်း ယောင်နေတာ ကျနော် သတိထားမိတယ် ...”

“ဒီပုံစံအတိုင်း ကလေးမကို ဆက်ထားရင် တစ်ကယ့်ကိုစိတ်ဝေဒနာ ရသွားမှာ အမှန်ပဲ။

အခုတောင် ကလေးမက သာမန်လူလိုပဲ။ စံမလွဲ ပင်မယ့် နည်းနည်းကလေးတော့ မူမမှန်ချင်ဘူးဗျ။

တော်တော် စိတ်ကြီးတယ်။ ဒေါသထွက်လွယ်နေတယ်။

ဒီအကြောင်းကို ကျနော် လူနာရှင်နဲ့ တိုင်ပင်ကြည့်တယ်။

လူနာရှင် ကလေးမအဖေကလည်း အခုမှ သူ့သမီးပုံစံကိုသတိထားမြင်ဖူးတဲ့ ပုံပဲဗျ။
တော်တော် အံ့ဩတုန်လူပ်သွားပုံရတယ်...”

“ဖြစ်လာမှ တုန်လူပ် နေလို့ မရဘူးဗျ။
မိဘ အနေနဲ့ ငယ်ကတည်းက သတိထားမိသင့်တာ။

ကျနော်တို့ နိုင်ငံက မိဘတွေက ကျောင်းစာနဲ့ပက်သက်တဲ့ကလေးမှတ်တမ်းတွေကို သာ အာရုံစိုက် ချင်ကြတာ။

တစ်နေ့မှာ (One Day)Where stories live. Discover now