" မေမေ မရှိတော့ဘူး ဖေဖေ ပျော်လားဟင်.."
သော်သော် အမေးကို ဖေဖေ ပြန်မဖြေ။"သမီး ညည်း မနက်ဖြန် ကျောင်းသွားရမယ်နော် .."တဲ့။
အဟမ်း ..ဟမ်း ..ကျောင်းသွားမှာပေါ့။ သော်သော် ကျောင်းသွားမယ်။ သော်သော် ကျောင်းသွားရမယ်။
သော်သော်က မေမေဖြစ်စေချင်တဲ့ ဆန္ဒတွေထဲက တစ်ခုဖြည့်ပေးဖို့ ကျောင်းလည်း တက်မယ်။ စာလည်း ကြိုးစားမယ်။
သော်သော် စိတ်ထဲကနေ ပြန်ဖြေရင် မေမေစီစဉ်ပေးခဲ့သော အစီစဉ်တွေအတိုင်းနေသည်။
မေမေကိုယ်တိုင် ငှားပေးထားခဲ့သော ထမင်းချက် အဒေါ်ကြီး၏ လက်ရာ ထမင်းနဲ့ဟင်းကိုစားသည်။
မေမေကိုယ်တိုင် ငှားပေးထားသော ဘောဒီဂတ်အစ်မ မောင်းပို့သော ကားကို စီးသည်။
မေမေ ရှိကတည်းက ခင်ခဲ့သော သူငယ်ချင်းနှစ်ယောက်ကို ဆက်ပေါင်းသည်။
မေမေကိုယ်တိုင် စုံစမ်း ခေါ်ပေးခဲ့သော ဂိုက်ဆရာများကို အိမ်ခေါ်ပြီ သူငယ်ချင်း နှစ်ယောက်နှင့်အတူ သင်သည်။
သော်သော် ဆန္ဒများကို ဖေဖေ ၀င်မစွက်ဖက်ခဲ့။ မေမေ ဆုံးပြီနောက် ဖေဖေက သော်သော် ဖြစ်ချင်တာ မှန်သမျှ (သို့) တင်ပြသမျှ လိုက်လျောသည်။
ဘာကိုမျှ တားဆီးခြင်းမရှိ။
ဟိုမိန်းမကြီး သမီး ယွန်းနဒီ သော်သော်တို့စာသင်ဝိုင်းမှာ အတူလာသင်ခိုင်းလို့ရမလား
ဆိုတဲ့ တောင်းဆိုချက်ကို သော်သော်က နိုးလို့
ပြောလိုက်သည်နှင့် ဖေဖေ ရှေ့မဆက်ခဲ့။ဒါ့ကြောင့် ဖေဖေနဲ့ သော်သော် ဆက်ဆံရေး
ကောင်းလာသလားမေး ဒီတိုင်းပါပဲ။ပုံမှန်ပါပဲ။
သော်သော် နေတဲ့အိမ်ကို ဖေဖေတစ်လ တစ်ခေါက် ပုံမှန်အလည် ရောက်လာတတ်သည်။
သော်သော် ဆယ်တန်း စာမေးပွဲအောင်သည်။
“သော်မှူး”
“ အင်း”“နင့်အဖေက ဒီလိုကျတော့ လည်း နင့်အပေါ် အလိုက်သိပါတယ်ဟာ.. ငါ့အဖေ့သာ ဆိုရင် ကပ်စေးကုပ်နေမှာ..
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...