ပွဲဖျက်ဖို့အတွက် ပွဲတက်ရမယ်ပေါ့။ကိုစစ်ဆိုတဲ့လူ အကြံပေးချက်အရပေါ့။
မဆိုးတော့မဆိုးပါဘူး။သော်သော်ဆိုတာ လောလောဆယ်ခံစားချက်အရ ယွန်းနဒီကို အနိုင်ယူဖို့ဆိုဘာပဲဖြစ်ဖြစ် လုပ်ချင်နေသူ။
ကိုကို့ဖုန်းထဲမှာ ယွန်းနဒီ အသံပါလာကတည်းက အမူန့်ဖြစ်အောင်တောင် ကြိတ်ပစ်ချင်နေတာ။ကိုကို့ကိုလည်း တခါတည်း အလုပ်ထွက်ရင်ထွက် မထွက်ရင်သော်သော်နဲ့ လုံး၀အပြတ်ပဲနော် ပြောဖို့ ကြိမ်းထားပြီသား။
လူချင်းတွေ့ပြီ ရှင်းဖို့ပဲ ကျန်တော့သည်။ဒါ့ကြောင့် သော်သော် သူတို့နဲ့အတူ လိုက်ပါလာသည်။
သော်သော် လိုက်ပါလာခြင်းကို ဖေဖေ က အလွန်ဂုဏ်ယူဟန်ရှိသည်။ထူးထူးဆန်းဆန်းပါပဲ။ဘယ်အချိန်ကစပြီသော်သော်က ဖေဖေ့အတွက် အရေးပါသူ ၊ဂုဏ်ယူရသူ ဖြစ်ခဲ့တာပါလိမ့်။
ထားပါတော့။ဒီနေ့ ကိုကိုပြန်လာတာနဲ့ စပရိုက်ဖြစ်အောင် အင်္ကျီလှလှလေး၀တ်စောင့်နေခဲ့တာ ။အခုတော့ ဘာမဟုတ်တဲ့ လူတွေကြားထဲ သမီးအချောလေး ၊သတို့သမီးအချောလေးဆိုပြီချီကျူးခံရဖို့ဖြစ်နေသည်။
တကယ်တော့ဖေဖေ ရော ကိုစစ်ရော ဟန်ဆောင်ကောင်းကြသည်။
မသိရင် သော်သော်က အရမ်းလိမ်မာ သူတို့စကား နားထောင်တဲ့သူလေးကြလို့။ဟာသကြီးပဲနော်။
သူတို့ နှစ်ယောက် လူကြားထဲ တကယ့်ဟာသကြီးဖြစ်အောင်သော်သော်လေ ကိုကို့ကိုတွေ့ရင် ဒီပွဲအလယ်မှာ ဖက်နမ်းပစ်မယ်။
ကိုကိုကတော့ ရှက်နေမှာပဲ။ဖေဖေ နဲ့ ကိုစစ်ကတော့ မျက်နှာကြီးတွေနီရဲပြီ စကားတောင် ပြောနိုင်မှာမဟုတ်တော့ဘူး။
ဟား…ဟား..
သော်သော် စိတ်ထဲမှာတွေးရင် နူတ်ခမ်းတွေပါကွေးညွတ်ပြုံးမိသည်။ပြုံးမိရင် သော်သော့်မျက်လုံးတွေက လင်းထိန်ပြီ ဆူညံနေသော အခန်းအတွင်းကို ဝေ့ကြည့်လိုက်သည်။
ပထမဦးဆုံးမြင်လိုက်ရတာက တော့ ထုံးစံအတိုင်း မျက်စိ စမွှေးဆူးရသော ပလာတူးမ။
ပလာတူးမက ဖေဖေ့ကိုမြင်တာနဲ့အူယားဖားယား ရောက်ချလာသည်။
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...