One Day-21

231 15 0
                                    

တိတ်ဆိတ်ငြိမ်သက်သွားသော ကိုကိုက သော်သော့်ကို ဧည့်ခန်းထဲကနေ အိပ်ခန်းထဲ ခေါ်လာသည်။
အခန်းထဲ ရောက်သည်နှင့်ကိုကိုက အိပ်ရာပေါ် ထိုင်လျက်သားသူ့ဆံပင်တွေကို ခပ်ကြမ်းကြမ်း ထိုးဖွ နေသည်။

အချိန်တစ်ခု ကြာအောင် စကားမပြောဘဲ သူ့ဆံပင်တွေကိုသာထိုးဖွနေ၏။

အဲ့ဒါက ကိုကို စိတ်ရူပ်ရင် လုပ်တတ်တဲ့ အမူအရာတစ်ခု။

သော်သော် လည်း အိပ်ခန်းအတွင်းက ပြတင်းပေါက် လက်ရန်းပေါ်
ကိုယ်တစ်စောင်း မှီလျက် ကိုကို့ကို ပြန်ငေးနေလိုက်သည်။

“သော် ..”

ကိုကို့အသံ ထွက်လာပြီ။ ကိုကိုက သော်လို့ ခေါ်လိုက်သည်နှင့်သော်သော် အင်းလို့ ပြန်ဖြေရင် ကိုကို့အနား သွားလိုက်သည်။

ကိုကိုက သူ့အနား ရောက်လာတဲ့ သော်သော့်ကို မော့ကြည့်ပြီသော်သော့်ခါးကို သန်မာသော သူ့လက်နှစ်ဖက်ဖြင့်ဖက်တွယ်သည်။

ထို့နောက် အကြာကြီး ဘာစကားမျှ မပြောဘဲ ကိုကို နူတ်ဆိတ်နေပြန်၏။
သော်သော် အဖို့  ကိုကို နူတ်ဆိတ်နေခြင်းက ခြောက်ခြားစရာ ကောင်းသည်။

ဒါ့ကြောင့် သော်သော် က အရင် စကားစ လိုက်သည်။

“ဖေဖေ… ဒီနေ့ ဖုန်းဆက်လာတယ် … သော်သော့်ရဲ့ ကျောင်းကလည်း အီမေးလ် ပို့လာပြီ။ကိုကို့အတွက်လည်း သော်သော်က …..”

“ကိုကို မလိုက်ဘူး သော် …”

သော်သော့်ရဲ့ စကား‌တောင် အဆုံးသတ်ခွင့်မပေးဘဲ ကိုကို ဖြတ်ပြောလိုက်သည်က “ကိုကို မလိုက်ဘူးတဲ့ ..”

“ဘယ်ဖြစ်မလဲ ကိုကိုရဲ့ …ကိုကို လိုက်ရမှာပေါ့..သော်သော် နဲ့အတူတူ ကိုကို အေးအေးဆေးဆေးကျောင်းတက်ရုံပဲ။ဖေဖေ့ကိုလည်း သော်သော် ပြောပြီသား။

ဖေဖေ့ပိုက်ဆံနဲ့ ကိုကို့ကို ကျောင်းမတက်ခိုင်းဘူး။
မေမေ ထားခဲ့တဲ့ သော်သော့် ဝေစုထဲကနေ ကျောင်းတက်ရုံပဲ။

ပြီတော့ ကိုကို နဲ့ သော်သော် ကျောင်းပြီးသွားရင် ကိုကို ဘာလုပ်ချင်လဲ။စတူဒီယို ထောင်ချင်လား ။သော်သော်စီစဉ်ပေးလို့ရတယ်…”

တစ်နေ့မှာ (One Day)Where stories live. Discover now