One Day -9

429 19 0
                                    

"အမယ်လေး ပြန်လည်းမပြောချင်ပါဘူး...ပြန်လည်း မတွေးကြည့်ချင်ပါဘူး...

လန့်လွန်းလို့.. မိုးတွေရွာနေတဲ့ကြားက အိမ်အပေါ်ထပ်ကနေ ၀ရုန်းသုန်းကား ပြေးဆင်း
လာတာ... ဆင်းပြီ တာနဲ့ ကြီးဒေါ် ဈေးသွားတဲ့
ဆိုင်ကယ်ကို တက်မောင်းတာ...

ကြီးဒေါ်ကမြင်လိုက်လို့ပေါ့.. မြင်တာနဲ့ ..ဟဲ့ ..လုပ်ကြပါအုံး ..လိုက်ကြပါအုံး..မပြောမဆိုနဲ့ သော်မှူးလေးက ဆိုင်ကယ်မောင်းပြီ ထွက်သွားပြီ ..."

အပူတပြင်း ကိုရင်လှမ်းအော် ..မဇူး လှမ်းအော်..

ကြီးဒေါ်ကလည်း အဲ့နေ့မှ ဆိုင်ကယ်သော့ဖြုတ်ဖို့မေ့။အိမ်ထဲ သွင်းဖို့ မေ့ အကုန်မေ့တာပဲ။

ကိုရင် နဲ့ မဇူးက ကြီးဒေါ်အသံကြားတာနဲ့ တန်းလိုက်သွားကြလို့ တော်သေးတာပါ။

အိမ်ခြံ၀န်းထဲက အထွက်မှာတင်ကို ဆိုင်ကယ်လဲ နေရှာတာ။

အသားရေဖြူဖြူနုနုကလေး ဆိုင်ကယ်အိတ်ဇော ပူ မလောင်တာကံကောင်း။

ခေါင်းကိုမထိတာလည်း အလွန်ကံကောင်းပေါ့။

ဘယ်လက်ကလေးကတော့ လိုရမယ်ရ ကျောက်ပတ်တီးကလေးစည်းထားရမယ်တဲ့။

အများကြီး မဖြစ်လို့ တော်ပါသေးရဲ့။ညာဖက်ခြေထောက်ကလေးကလည်း ခြေချင်း၀တ် လည်ခေါက် သွားတယ်ဆိုပဲ။

မိုးတွေမိထားတော့ ကလေးက အဖျားတွေတက်တယ်။

မေမေ လို့တ ညည်းလိုက် ကိုကို လို့တ ညည်းလိုက် နဲ့ ကြီးဒေါ်တော့ ကလေးမကို သနားတယ်။

ဒီကလေးမလေးက ဇွတ်တရွတ်သာနိုင်တယ်။သိပ်သနား ဖို့ကောင်းတယ်။ အသည်းသန် ဖြစ်နေရှာတာတောင် ကလေးမ လေးဘေး မှာ ဆွေမျိုး ရင်းချာ လို့လည်းမရှိ။

မောင်နှမ သားချင်း ရယ်လို့လည်းမရှိနဲ့ ...အင်း..မပြောချင် တော့ပါဘူးလေ .."

စကားပေါသော ကြီးဒေါ်က မပြောချင်ပါဘူးလေဟု စကားပလ္လင်ခံပြီ သူမကချည်းပဲ တန်းပြောနေသည်။

ဦးဇော်က တိတ်တိတ်နေပါ ဟု ကြီးဒေါ်ကို သတိပေးနေသည်။

ကြီးဒေါ်က သူမ သိသမျှ မြင်သမျှ တွေးမိသမျှ ထပ်ခါတလဲလဲ ထုတ်ပြောနေသည်။

တစ်နေ့မှာ (One Day)Where stories live. Discover now