One Day-25

224 18 0
                                    

ဒါပင်မဲ့လည်း …ရွေ့လျားနေသော အချိန်များသည် မည့်သူ့ကိုမျှ မစောင့် ၊သူလုပ်စရာရှိတာ ဆက်လုပ် သူသွားစရာရှိတာ ဆက်သွားနေ၏။
‌မရပ်မနား ….

December 29,ခရစ္စမတ် ပြီဆုံးပြီနောက် ၄ ရက်မြောက်နေ့ကိုကို မြန်မာပြည် ပြန်မည့်နေ့ ။
စကားတွေ အများကြီး မပြောဘဲ သော်သော်က ကိုကို့ကို ပျောက်သွားမှာ ကြောက်သည့်စိုးရိမ်စိတ်ဖြင့် တိုးဖက်နေခဲ့၏။

ကိုကိုကတော့ စကားတွေ ပြောနေသည်။မှာနေသည်။

နံနက်ခင်းတိုင်း ပုံမှန် အိပ်ရာထ ချိန် ၊ နံနက် စာ စားချိန် စတဲ့အချိန်ဇယားတွေ ချပေးနေသည်။

“သော်သော် ကလေးမဟုတ်ပါဘူး။ကိုယ့်ဘာသာ ကြည့်လုပ်တတ်သားပဲ ..”လို့ သော်သော်က ပြောလိုက်သည်။

ကိုကိုက ပြုံးပြီ
“သော် ကလေးမဟုတ်တာ ကိုကိုသိတာပေါ့ ။
ဒါပင်မဲ့ ကိုကို ဘေးနားမှာ မရှိတဲ့အချိန် သော် အတွေးမလွန်ဘဲ အလုပ်များနေအောင်လို့ …”
ဒီလိုဆိုတော့လည်း ကောင်းတာပဲလို့ တွေးပြီ သော်သော် ငြိမ်နေလိုက်သည်။
ကိုကို့ခါးကို ဖက်လျက်သား။

ကိုကိုကတော့ သော်သော့်အတွက် အချိန်ဇယားကိုဆက်ဆွဲနေသည်။

ဆွဲနေရင် တစ်ပတ်တစ်ခါ လောက်တော့ သူငယ်ချင်း မေမြတ် ၊ရှင်းသန့် ၊ကြီးဒေါ်တို့နဲ့ အဆက်သွယ်လုပ်ပြီ စိတ်ပြေလက်ပျောက် ဖုန်းပြောဖို့ အကြံပေးနေသည်။

ကိုကို အကြံမပေးလည်း ကိုကို့အကြောင်း သိရအောင် သော်သော်သူတို့ဆီ မကြာခဏ ဖုန်းဆက်တတ်ပါသည်။

ဒါပင်မဲ့ သော်သော် ကိုကို့ကို ထုတ်မပြောဘဲ ခေါင်းညိတ်ပြလိုက်၏။

ကိုကို သည် သူ့စိတ်တိုင်းကျ သော်သော့်အတွက် အချိန်ဇယားစီမံပြီနောက် သော်သော့်ကို သူ့ပေါင်ပေါ်တင်လျက်သားပွေ့ဖက်ထား၏။
သူ့မေးဖျား နှင့် သော်သော့်နဖူးလေးကိုလည်းထိထားသည်။
သော်သော်က ကိုကို့ ဟူဒီခေါင်းစွပ် ကြိုးလေးကိုလိမ်ပြီ ဆော့နေလိုက်၏။ အာရုံ တွေ ပြောင်းလို ပြောင်းညား။

၀မ်းနည်းတဲ့ မျက်ရည်တွေ ပျောက်လို ပျောက်ညား။
သော်သော် နူတ်ဆိတ်နေမိသည်။

တစ်နေ့မှာ (One Day)Where stories live. Discover now