One Day-27

186 10 0
                                    

"နံနက်စာ ဘာစားမလဲ.."
"အီကြာကွေး .."
သော် ဖြေလိုက်သည်နှင့် ကိုကိုက ပခုံးချင်းယှဉ်လမ်းလျှောက် ရာကနေ သော်သော့်ပခုံးကိုလာဖက် နားနားလေးကပ်ပြီ
"သော် က မ၀ သေးဘူးလား ..ညကျမှ ကိုကိုထပ်ကျွေးမယ်လေ"
"ဟင်း ဘာတွေ လာပြောနေတာလဲ ..ဒီနေ့မှ အီကြာကွေး စားမလို့ဟာ ၊ဟိုမှာ ဆန်းဝှစ်ခ်ျပဲစားခဲ့တာ..."

"ဟုတ်လို့လား သော်ရဲ့ ..ပြန်စဉ်းစားကြပါအုံး
မနေ့ညကမှ ကိုကို ကျွေးထားတာ.."

"ဟာ..မနေ့ညက သော်သော်မှ ညစာ မ..."

မစားဘဲနဲ့လို့ ပြန်ပြောဖို့ အရေး သော်သော့်မှာ
မျက်ခုံးနှစ်ဖက်ပင့် ပြုံးနေတဲ့ မျက်လုံးတစ်စုံနဲ့
သေချာစိုက်ကြည့်တဲ့ ကိုကိုကြောင့် မျက်နှာတစ်ခုလုံး ပူထူ ရှက်သွေးဖြာလာသည်။
အရှက်မရှိတဲ့ ကိုကိုက သူပြောတာ သော်သော်နားလည်သွားတာမှန်းသိသည့်တိုင်အောင် မမှတ်မိဘူးလား လာမေးသေး၏။

"ဆိုးလိုက်တာ ... ကိုကို နော် .."လို့ သော်သော်ကစိတ်ထဲကပြောရင် သူ့ကို မျက်စောင်းခဲ ၊သော်သော် နှင့် နီးနေသော သူ့ပခုံးစွန်းကို ပစ်ထုပစ်သည်။
ရှောင်မယ်ဆို ရှောင်တတ်ရဲ့သားနဲ့ ကိုကိုက မရှောင်။အထုခံ ပြီ မျက်နှာ ဖြီးဖြီးကြီးနဲ့ သော်သော့်ခါးကို လိုက်ဖက်ရင်

"ကိုကိုက စမူဆာ စားမှာ သိလား .."
လို့ လာပြောသည်။
"တော်တော် ငတ် နေလား .." လို့
သော်သော် ကဟောက်တော့ သော်သော့်ခါးကို ပိုတိုးဖက်ပြီ
" မနက်စာ မှ မစားရသေးတာကွ..ဗိုက်ဆာတာပေါ့ ပါပီရ ...ပါပီ ရော ဗိုက်မဆာဘူးလား.."

"မဆာပါဘူး .."

"ဆာပါတယ် .."

"မဆာပါဘူး .."

"ဆာပါတယ် .."
"မဆာပါဘူးဆို.."

တမင် ဘာမဟုတ်တာလေးကို ငြင်းခုံရင်
ဟိုတယ်စင်္ကြန်လမ်းကို သူတို့ဖြတ်လျှောက်နေကြသည်။
ငြင်းခုံပင်မဲ့ မျက်၀န်း လေး တွေက ပြုံးလို့။
ဒီလို နေ့မျိုး အခါတစ်ကုဋေမက ဖြတ်သန်းရလျှင်တောင် ငြီးငွေ့ဖွယ်မရှိ။
နံနက်စာ အတူတူစားပြီ သည်နှင့် အလုပ်သွားရမဲ့ သူက သော်သော့်ပါးလေး နဲ့ နဖူးပြင်ကို နူတ်ဆက်အနမ်းလေး ချွေသည်။
သည်လို အလုပ်သွားခါနီး အပြင်ထွက်ခါနီးနူတ်ဆက် အနမ်း ပေးခြင်းက သူ့အတွက်အလေ့ကျင့် မရှိခဲ့ပါ။
သော် ရှိတဲ့ လန်ဒန်ဆီ သူလိုက်သွားခဲ့တုန်းက ရခဲ့သည့် စိတ်ကူးလေးသာဖြစ်သည်။
လန်ဒန်မှာ သော် နေတဲ့ တိုက်ခန်းရဲ့ မျက်စောင်းထိုးအိမ်က အင်္ဂလိပ် အဘိုးကြီးနဲ့ အဘွားကြီးပေါ့။

တစ်နေ့မှာ (One Day)Where stories live. Discover now