One Day-22

229 13 0
                                    


"ကိုကို ကတော့ ငါ့ကို ချစ်လို့ ငါ့စိတ်အလိုကိုလိုက် ၊ငါ ပြောရင်ရမှာပဲ .."လို့ ကိုယ့်ကိုကိုယ်အထင်ကြီး ခဲ့သော သော်သော် အတွေး တွေ မှားပါသည်။

"ကိုကို မလိုက်နိုင်ဘူး။ဒါပင်မဲ့ သော်သော် ကိုလည်း မသွားဖို့ကိုကို မတားဘူး။

သော်သော့် ဘ၀အတွက် သော်သော် မှန်တယ်
ထင်တဲ့ လမ်းကို ရွေးတာပဲ။ အပြစ်မမြင်ပါဘူး။

နောက်ပြီ ကိုကို့ မှာလည်း ကိုကိုရွေးချယ်ခွင့်ရှိတယ်။

ဒါတွေကို သော် နားလည် နိုင်မယ် ထင်ပါတယ်.."တဲ့။

ပြောရက်လိုက်တဲ့ ကိုကို လို့ သော်သော်က တစ်ဖက်သတ်စွပ်စွဲပစ်ချင်သည်။

တစ်ကယ်ဆို လက်ထပ်စာချုပ်ပေါ်မှာ ကိုကို လက်မှတ်ထိုးလိုက်ကတည်းက ကိုကို့ကို သော်သော်ပိုင်သွားပြီ။

ဘယ်လို ပဲ အတင်းအကျပ် သော်သော်က
"ကိုကို နဲ့ အခု လက်ထပ်ချင်တာ ။မဟုတ်ရင် ဖေဖေ ပေးစားတဲ့ သူနဲ့ယူရတော့မှာ။

သော်သော် သေသွားတာပဲ ကောင်းပါတယ်.." လို့ ဒရာမာခင်းပြခဲ့ပါစေ။

ကိုကို ကိုယ်တိုင် လက်လျောပြီ ကြင်ကြင်နာနာ လက်မှတ်ထိုးလက်ထပ်ခဲ့ကြတာပဲ။

အခုမှ ကိုကိုက သော်သော်နဲ့ လန်ဒန် မလိုက်ဘူးဆိုတော့ ကိုကို လွန်တာပေါ့။

သော်သော် ကတော့ အဲ့လိုပဲ တွေးသည်။
သော်သော် က ကိုကို့အတွက် ဖေဖေ နဲ့အတိုက်ခံလုပ် အရာရာဖြေရှင်း ထားပြီမှ ကိုကိုက အမား ကြောင့် လား။

မာန ကြောင့်လား။ ဆိုတဲ့ သော်သော်နားလည်နိုင်မဲ့ ရေးရေးရာရာ
အကြောင်းပြချက်တစ်ခုမှ မပေးဘဲ မလိုက်နိုင်ဘူး ငြင်းတာ ယုတ္တိရှိလား။

ကိုကို ကောင်မ အသစ်တွေ့နေလို့လားလို့ သော်သော် မေးပြန်ရင်လည်း ရိုင်းတယ် ဖြစ်အုံးမယ်။

နောက်ပြီ သော်သော် မေးလိုက်မှ မင်းထင်ချင်သလို ထင်လို့ပြန်ဖြေရင် ကိုကို့ကို သော်သော် တကယ် ဆွဲလုပ်မိမှာ။

တစ်နေ့မှာ (One Day)Where stories live. Discover now