အဆိုင်း ရင်ထဲမှာ အတွေးပေါင်းများစွာ ယောက်ယှက်ခတ်နေသည်။
ထို အတွေးများထဲတွင် အချစ် တွေနဲ့ ချည်နှောင်ပြီ သော့်ကို သူ့ဘေးနားမှာ ထာ၀ရအမြဲ ရှိစေလိုသော အတ္တတို့ ကြီးစိုးနေမိသည်။
ရုန်းမထွက်နိုင်အောင် တုပ်နိုင် ထားပစ်မည်ဟုလည်း စဉ်းစားနေ၏။
“သော်က ရော သူမ ဘ၀၏ အဆောင်အယောင်တွေ ပစ်ပြီ သူ့ဘေးနားမှာထာ၀ရ ပျော်နိုင်ပါ့မလား။
ခမ်းနားကြီးကျယ် လှပသော လမ်းကြောင်းပေါ်ကနေ မြို့ငယ်လေးရဲ့
လမ်းကြားပေါ်မှာ သူနှင့်အတူ ယှဉ်တွဲ လျှောက်ရဲပါ့မလား ..”ဆိုသော စိုးရိမ်စိတ်တွေ ၀င်လာတော့ ရင်ခွင်ထဲက သူမလေးကို တင်းတင်းကျပ်ကျပ်ကြီး ဖက်လိုက်မိသည်။
တင်းကျပ်စွာ အဖက်ခံရတော့ သူမလေးက သက်သောင့်သက်သာမရှိစွာ
ညည်းသည်။“ကိုကို …အသက်ရူကြပ်တယ် ..”
“ဆောရီး ..”“ဘာတွေ တွေးနေတာလဲ ..”
သူမကမေးလာတော့ ဒီလိုပါပဲလို့ သူလွယ်လွယ်ကူကူ ဖြေမိသည်။သူ့အဖြေကို မကြိုက်သောသူမက သူ့လည်ပင်းကို သူမလက်နှစ်ဖက်ဖြင့်
ချိတ် သူ့နူတ်ခမ်းနဲ့ နှာတံဖျားကို မထိတထိ နမ်း မျက်နှာ နှစ်ခု ထိလုလုနီးနီး
စိုက်ကြည့်ရင်“ကိုကို လိမ်နေတာ …သော်သော့်ကို စိတ်ထဲမှာ စိတ်တိုနေတာမို့လား။
ဒီလောက်ဆိုးတဲ့ ကောင်မလေး ဘာဖြစ်လို့ ငါ့မိန်းမ လာဖြစ်ရသလဲဆိုပြီ
ဒါ့ကြောင့်မို့ သော် သော့်ခါးကို ကျိုးမတက်ဖက် အရိုးတွေ ချိုးပစ်နေတာ..”“မဟုတ်တာ ကွာ …ပေါက်တတ်ကရတွေ ..ဘာတွေ လျှောက်တွေးနေတာလဲ..
ကိုကိုက ငါ့ကို ချစ်လွန်းလို့ ၊သူ့ရင်ခွင်ထဲကနေ ပျောက်သွားမှာ စိုးလို့
အတင်းတိုးဖက် ထားတာလို့ တွေးမှပေါ့ ..”သူက သူ့ဖက်သူ့ယက် ဖြောင့်ချက်ပေးတော့ သူမ ကျေနပ်သွားပုံပါပဲ။
ခေါင်းလေး ညိတ်ရင် သူ့ရင်ခွင်ပေါ် ပိုတိုးလို့မှီပြီ အိပ်သည်။
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...