One Day -8

456 22 0
                                    

အားကစား ခန်းမထဲမှာ ရှိသော သူအားလုံး
မေဂျာ ပါမောက္ခ ရုံးခန်း ဆီသွားခဲ့ကြရသည်။

သော်သော် အပါအ၀င်ပါပဲ။သူတို့ ‌ကျောင်းသူ မဟုတ်သည့်တိုင်အောင် သော်သော်ကို ပါ
သူတို့မချန်ထားခဲ့နိုင်။

ဖြစ်စဉ် အစ အဆုံး ပြန်ပြော ပြရတော့ တချို့က သော်သော် အမှား  ၊‌သော်သော်ကို တရားခံ သဖွယ် စွပ်စွဲ ကြည့်နေကြသည်။

မေမြတ် နှင့် အဆိုင်းက သော်သော် အမှားလုံး၀ အဖြစ်မခံနိုင်။ တမင် မခံချင်အောင် ဘောလုံးဖြင့် ရန်စ သူသည်သာ တရားခံ။

တရားခံ မည်သူဖြစ်ပါစေ အားလုံး လက်မှတ်ထိုး ကတိပြုခဲ့ရသည်။

မချေမငံ ကောင်က သော်သော်ကို မကျေမလည် ရုပ်ဖြင့် ကြည့်သည်။

သော်သော် ဂရုမစိုက်ပါဘူး။သူ့ကို ကြောက်လည်း မကြောက်ပါဘူး။

သော်သော်က သော်သော်စိတ်ထဲရှိတဲ့အတိုင်းသူ့ကို ဘောလုံးနဲ့ ပစ်ပေါက်လိုက်တာပဲ။ ဒါကိုပဲ သော်သော် ကျေနပ်သည်။

ကြားထဲကနေ သော်သော် အတွက် ဒေါသ ထွက်ပေး ရန်ဖြစ်ပေးတဲ့ မေမြတ် နှင့် သူ ...သူ့ကိုပဲ နည်းနည်း အားနာမိသည်။

နောက်ပြီတော့ သော်သော်က အခြားကျောင်းကမို့ ပြဿနာမရှိ။

သူနှင့် မေမြတ် ကတော့ ဒီကျောင်းက...ဟူး..ဟူး ...

ကျောင်းရှေ့ မှာ စောင့်နေသော ဘောဒီဂတ်အစ်မ မေမြတ်ဆီက သတင်းကြားသည်နှင့် သူမ၏ ဆုရ တိုက်ကွမ်ဒို ခါးပတ် ကြီး ထ ပတ်သည်။

သော်သော် အိမ်ပြန်လာသည့် လမ်းတစ်လျှောက်လုံး  မေမြတ်စကားသံ တွေ
နားထဲ မ၀င်။

သူ့မျက်နှာ သူ့အကြည့်တွေသာ စိတ်ရောက်နေမိသည်။

သူ သော်သော်ကို စကားတွေ မပြောပင်မယ့်
သော်သော် တစ်ခုခု ဖြစ်တိုင်း အနားရောက်လာတတ်သည်။

ပြီလျှင် ဘာမျှ မပြော ခပ်လှမ်းလှမ်း မှာနေသည်။

ဒါ ...ဘာ သဘောလဲ ..သော်သော် မေးပစ်လိုက်ချင်၏။

စိတ်ရူပ်စွာ ဆံပင်တွေကြား လက်ထိုးထည့်ရင် ဖွ ပါ့လိုက်သည်။

တစ်နေ့မှာ (One Day)Where stories live. Discover now