အတွေး တွေ ထဲ မှာ ခဏတာမျောလိုက်ပြီနောက် အဆိုင်းက သူမခေါင်းလေးကို ဖွဖွလေးပုတ်လိုက်သည်။
ပြီနောက် သူမကိုယ်ကလေးကို တိုးဖက်ပြီ
"ကျွဲကျောင်း နေတဲ့ ကလေးတွေ နား သွားကြမယ်.."
"နိုး..သော်သော်ကျွဲ ကြောက်တယ်.."
"ကိုကို ရှိတယ်လေ.."
ဆိုပြီး အဆိုင်းက ငြင်းချိန်မရအောင် သူမလက်ကိုဆွဲ ၊ကောက်ခါငင်ခါ ကျောပိုး အိတ်ကိုလွယ် တောင်ကုန်း အောက်ကို ပြေးဆင်းသည်။
နွေဦးအချိန်အခါ ရာသီမိုးလေးတွေက တောင်ပေါ်ဒေသနှင့် လိုက်ဖက်လွန်းသည်။
မိုးဖွဲဖွဲလေး တွေကြားမှာ အဆိုင်းက သူမလက်ကို ဆွဲပြီး ကျွဲကျောင်းနေ သောကလေးတွေရှိတဲ့နေရာကို ပြေးရင် ခေါ်သွားသည်။
ကျွဲတွေကို အနီးကပ်မြင်ရလေ နောက်ကိုတွန့်ဆုတ်လေ ဖြစ်နေသော သူမလက်ကို
သူက ခပ်တင်းတင်း ဆုပ်ကိုင်လိုက်ပြီ"ကိုကို ရှိတယ်လေ .."
သူနှစ်သိမ့်လို့ သူမကအနည်းငယ်စိုးရိမ်စိတ်ပြေပျောက် သွားဟန်ပြတော့ အဆိုင်းက
ကျွဲစီးရင် ကျွဲကျောင်းနေ သော ကလေးငါးယောက် ကို နူတ်ဆက်သည်။ဧည့်သည်မြင်လျှင် ထူးထူးဆန်းဆန်း ဝိုင်းကြည့်တတ်သောကလေး ငါးယောက်ထဲက အကြီးဆုံး ကလေးက အဆိုင်းကိုမြင်သည်နှင့် သွက်လက်စွာ အရင်နူတ်ဆက်သည်။
နူတ်ဆက်ရင် သော်သော်က ချစ်စရာကောင်း
သောပါးဖောင်းဖောင်း ဆံပင်နီကြောင် ကြောင် ကလေးမလေးကို အူယားစွာ မေးကလေးတို့ မိသည်။သူစိမ်းမို့ ထူးဆန်းစွာ စိုက်ကြည့်ပင်မယ့် ကြောက်လန့်မသွားသော ကလေးမလေးက
ပြုံးလျက်ပြန်စိုက်ကြည့်သည်။သော်သော်ရော ကိုကိုရော ကလေးလေးတွေ စိုက်ကြည့်ရင်နှစ်ယောက်သားပြုံးနေမိသည်။
ကျောပိုးအိတ်ထဲမှာ ပါလာသော မုန့်ကလေးတွေကို ဝေမျှ ဖြစ်သည်။
ခဏအကြာမှာ ကိုကို ကရုတ်တရက်ကြီး ထမေးသည်။
" သော်သော်..ကျွဲစီးမလား?.."
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...