"ကိုကို ...ရောက်ပြီလား ..."
မေးပြီ သူမအိမ်နောက်ဖေးတံခါးနား ပေါ်မလာသည့် သူမကို အဆိုင်း ညနေ့စောင်းသည်အထိ စောင့်နေခဲ့သည်။ခြံထဲကိုလည်း အကဲခတ် ၊ ဖုန်းတွေ လည်း ဆက်ကြည့်ခဲ့သည်။
လူလည်းမမြင်ရ။ ဖုန်းလည်းဆက်မရ။ မေမြတ်ဆီကနေတဆင့် သူမဘောဒီဂတ် အစ်မ
ဖုန်း နံပါတ်ယူပြီ စုံစမ်းကြည့်သည်။သူမကို သူမဖေဖေက မကြာခင် နိုင်ငံခြားပို့ဖို့စီစဉ် နေသည်တဲ့။
နိုင်ငံခြားသွားပြီ ကျောင်းတက်ဖို့ သူမမှာ အစီစဉ်ရှိမှန်း သူသိပါသည်။
အခုလို အလောတကြီး သွားဖို့ကိုတော့ သူ
မထင်ထားခဲ့ပါ။တစ်နေ့နေ့ တစ်ချိန်ချိန်မှာ သူမနဲ့ သူ ဝေးရမှန်းမယ် သိသော်ညား ချစ်ခဲ့မိတာ အမှားမှ မဟုတ်တာ။
အနာဂတ် အကြောင်းတွေ သူမနှင့်အတူ ပြောဖူးသည်။
နှစ်ယောက် အနာဂတ် မဟုတ်ဘဲ တစ်ယောက်ချင်းစီရဲ့ အနာဂတ် တွေ အကြောင်းပါပဲ။
အနာဂတ်တွေ မတူညီပင်မယ့် ဆုံမှတ်တစ်ခုတော့ ရှိနိုင်တာပဲလို့ တွေးခဲ့မိသည်။
ဘာပဲဖြစ်ဖြစ် နူတ်ဆက်စကားတော့ ပြောချင်ခဲ့သည်။
ပါပီ လေးလို အမြဲစွာတဲ့ ကောင်မလေး လိမ်လိမ်မာမာနေပါ။
အဝေးရောက်သွားလို့ ဖုန်းမဆက်ချင်ရင်နေပါ။ ဖေ့စ်ဘွတ်နဲ့ အင်စတာဂရမ် မှာ ဖိုတိုမှန်မှန်တင်ပေးနော် လို့ မှာချင်သေးသည်။
နောက်တစ်နေ့ သူမတို့အိမ်ခြံတံခါးခေါက် ပြီ စကားပြောကြည့်ဖို့ သူလုပ်ခဲ့သည်။
ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မမြင်ရ။
လူဆိုတာ ဝေးလေစွ။နိုင်ငံရပ်ခြား သွားဖို့ အတွက် သူမတို့အဖို့ တော်တော်လွယ်ကူ ပုံပဲ။
စဉ်းစားရင် သူမ ကျောင်းကို သတိရတော့
သူမ ကျောင်းရှေ့ သွားရှာမိသည်။မတွေ့ခဲ့ပါဘူး။
ကျောင်းမတက်ဘဲ သူမအိမ်ရှေ့၊သူမကျောင်းရှေ့ လမ်းသလားနေတဲ့ သူ့ကို ကြည့်ပြီ သူငယ်ချင်း မိတ်ဆွေတွေက
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...