One Day (တစ်နေ့မှာ)"ကိုကို.."
"အင်း .."" ကိုကို့ရှေ့မှာစကပ်တိုတို အကျီ အတို လေးနဲ့ မိန်းကလေး
ဖြတ်သွားရင် သေချာလိုက်ကြည့်မှာလားဟင်..""ဟာကွာ ..သေချာကြီး လိုက်ကြည့်ပါ့မလား..
တစ်ဖျတ် လောက်ပဲ ကြည့်မိရင် ကြည့်မိမှာ ပေါ့ ..""ဟင့် ..တစ်ဖျက်က ကြည့်အုံးမှာပေါ့ .."
"ကြည့်မိရင် ကြည့်မိမှာပေါ့လို့ ပြောတာလေကွာ ..""မသိဘူး.. ဘာဖြစ်လို့ ကြည့်မိမှာလဲ ပြော .."
"ခြေသံ ကြားမိလို့လေ ..""ကိုကို .."
"ဘာလဲ ..စိတ်မဆိုးတော့ဘူးလို့ ကတိပေးထားတာ တစ်ရက်မပြည့်သေးဘူးနော် ..""အင်း ... သိတယ် .. သိတယ် .."
သော်သော်ကပြန်အော်ရင် အဆိုင်းမျက်နှာကို လက်နှစ်ဖက်နဲ့ သေချာ ဖိပြီး နူတ်ခမ်းလေးကို ဆတ်ခနဲ့ နမ်းလိုက်သည်..နမ်းပြီသူမက ရယ်သံခပ်ဟဟလေးလုပ်ပြီး
" ကိုကိုက သော်သော်အပိုင် .."ကိုကိုက အနမ်းခံရတဲ့ သူ့နူတ်ခမ်းကို သော်သော် ပုခုံးသားလေးနှင့်တိုက်ပွတ်ပြီ
" သော်သော်က ညစ်ပတ်တယ် ကွာ..
အာပုပ်အနံ့တွေ ရနေသလိုပဲ .."ကိုကို စတော့သော်သော်က ကိုကို့ ပါးနှစ်ဖက်ကိုပါ အားရပါးရ ဆွဲဖျစ်ညှစ်ပြီ ကိုကို့ နူတ်ခမ်း တွေကို ထပ်နမ်းပါ့လိုက်သည်..
ကိုကိုက သဘောကျစွာ ရယ်မောပြီ သူပွေ့ချီထားတဲ့ သော်သော်ကိုယ်လေးကို ခပ်တင်းတင်း ဖက်ပြီ မွေ့ရမ်သည်..
"အား .. ကိုကို .. ခေါင်းမူးလာပြီ .. တော်ပြီ .. တော်ပြီ လို့ .."
.
.
"အား ..မရတော့ဘူး .. ကိုကို မျက်နှာသစ်ပေးမှရတော့မယ် ..ခေါင်းတွေ မူးလာပြီ လက်ကလည်း လူပ်လို့မရတော့ဘူး .. ခြေထောက်ကလည်း ကောင်းကောင်းရပ်မရတော့ဘူး ..
နော် .. နော်လို့ .."သူ့ရင်ဘက်ပေါ် သူမခေါင်းလေး မှီ၊ မျက်လုံးမှိတ်လျက် အမူအရာတွေပိုနေသည့် သော်သော်ကို သူ ကြည့်ပြီ ပြုံးလိုက်သည်..
.
.
အဆိုင်း က သော်သော်ကို မျက်နှာသစ်ပေးပြီ သည်နှင့် သော်သော်က
သူမကိုကို့ကို သွားလေးတွေပေါ်တဲ့အထိ ပြုံးပြလိုက်သည်..
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...