သော်သော် တစ်ကိုယ်လုံးကြက်သီးထ တုန်ရီသွားသည်။
မှိတ်ထားသော မျက်၀န်းစုံထဲမှာ ဆယ်နှစ်သမီးအရွယ်ကမြင်ကွင်း တချို့ပါလာသည်။
ဖေဖေ ထမင်းစားပွဲမှာထိုင်ရင် ထမင်းပန်းကန်ပြားတွေကိုဆွဲလွှင့်ပစ်သည်။
မေမေ့ ကို လက်သီး ဖြင့်ရွယ်ပြီ ကြိမ်းမောင်းနေသည်။
မေမေက ပြန်အော်သည်။ အော် တော့ ဖေဖေ က မေမေ့ ဆံပင်စကိုဆောင့်ဆွဲ လိုက်သည်။
“အား ….. အား …”
စူးနက်သော အသံကျယ်ကြီးဖြင့် မျက်လုံးမှိတ်လျက်သားသော်သော် အော်လိုက်သည်။လက်နှစ်ဖက်ဖြင့် နားတွေကို ကာထားရင်
“ရိုက် … ရိုက် သေအောင် ရိုက် လိုက် …”သော်သော့် စကားဆုံးသည် နှင့် ဖေဖေ့ အသံ နက်နက်ကြီးကလည်းတစ်ပြိုင်နက်တည်း ပေါ်လာသည်။
“ရိုက်လိုက် ဆိုတော့ စစ်စရာမလိုဘဲ ၀န်ခံ တဲ့ သဘောပေါ့ ..ဟုတ်သလား ..”
သော်သော် ခဏ လောက် ငြိမ်သက်နေမိသည်။
ငြိမ်သက်နေရာမှ သော်သော် အသက်ပြင်းပြင်း တစ်ချက်ရိုက်ရူလိုက်ပြီမှ ဖေဖေ့ မေးခွန်းကို ဖြေလိုက်သည်။
“ဟုတ်တယ် … သော်သော် ရည်းစား ထားနေတယ် ။ရည်းစား ထားတာ လူငယ်သဘာ၀ မဟုတ်…..”
ဖူးလား ဆိုသော သော်သော့် ချေပမေးခွန်းကို ဖေဖေ မစောင့်။
သော်သော် ပါးပြင်ပေါ်သို့ ဖေဖေက သူ့ လက်ဖဝါး ကြီးဖြင့် ရိုက်ချလိုက်သည်။
သော်သော် မျက်နှာ လည်ထွက်သွားရပြီ ပါးပြင်တစ်ခုလုံး ပူရှိန်းသွားသည်။
သော်သော် ကိုယ်ကလေးလည်း ဟန်ချက်ပျက်ပြီ ကြမ်းပြင်ပေါ်လဲကြသွားသည်။
သော်သော် အံ့ကြိတ်လျက် ပြန်ထဖို့ ကြိုးစားသည်။
သော်သော် ကြိုးစားနေခိုက် ဖေဖေက သူပြောလိုရာများကိုကြမ်းတမ်းရင့်သီးစွာ ပြောနေသည်။
ဖေဖေ ပြောနေသော စကားလုံးများစွာထဲမှ သော်သော်သည်အမိုက်မ။ အဆင့်တန်းကို မသိသူ။
YOU ARE READING
တစ်နေ့မှာ (One Day)
Romanceတစ်နေ့မှာ အချစ်ကို အချစ်လို့ မင်းမြင်တဲ့အခါ ... "ကိုယ်ပေါ်မှာ ဒဏ်ရာမပေးသလို စိတ်ထဲမှာလည်း အမာရွတ် မကျန်စေတာ အချစ် ဆိုတဲ့ အကြောင်း မင်းသိလာပါစေ.." နှလုံးသားနုနု ပျားအိုင်ထဲကျသွားရင် ချိုမြိန်သလောက်... ပင်လယ်ရေပြင်ထဲ ကျသွားရင် ငံသွားတတ်တာ သဘာ၀ပဲ...