One Day-17

603 20 1
                                    

ရည်ရွယ်ချက် တွေ ယုံကြည်ချက်တွေ သော်သော် မသိ။

သော်သော်သိသည်က ကိုကို့ကို သော်သော် ချစ်သည်။

ကိုကို့ကိုလည်း သော်သော် တစ်ယောက်တည်း ကိုချစ်‌ စေချင်။

သော်သော် တစ်ယောက်တည်းကိုပဲ ဦးစားပေး စေချင်သည်။

ကြီးဒေါ် ပြောပြသည့် လောကကြီး အကြောင်းကို သော်သော်မသိချင်ပါ။

စိတ်လည်း မ၀င်စားချင်ပါ။
လောကကြီးက သော်သော်နှင့်မဆိုင်။

ကိုကို သာလျှင် သော်သော် နှင့်ဆိုင်သည်။

ထိုကဲ့သို့  သော်သော်တွေးနေစဉ် ကိုကိုတစ်ယောက် သော်သော့်အခန်းဆီ ကပျာကယာ ရောက်လာ၏။

ရောက်လျင်ရောက်ချင်း
“ဆောရီး သော် …ကိုကို နောက်ကျသွားတယ်။

သူငယ်ချင်းတွေ အမား ဆီ လူမမာမေး ရောက်လာကြလို့။

သော် ဘာစားချင်လဲ သွား၀ယ်ပေးမယ် ..”

“သော်သော် ဘာမှ မစားချင်ပါဘူး။သော်သော် နေလို့မကောင်းဘူးကိုကို မအားရင် ပြန်ပါ …”

သူမက စိတ်ဆိုးမူ့ကို ခက်ထန်စွာ မပြောဘဲ ပျော့နွဲ့သောဟန်မူယာဖြင့် လူနာကုတင်ပေါ် သူမကိုယ်လေး ဘယ်ညာယိမ်းပြီ ဖော်ပြသည်။

သူမ၏ ဟန်မူယာကလေးကို သူမြင်လိုက်သည်နှင့် သူကသူမကုတင်ဘေးမှာ တင် တစ်ဖက်လွှဲထိုင်ပြီ သူမနဖူးကလေး
ပေါ် သူ့လက်ဖဝါးကလေး ခပ်ဖွဖွ တင်လိုက်သည်။

ပြီလျှင် အလွန်စိုးရိမ်ကြီးသော မျက်၀န်းများဖြင့် စိုက်ကြည့်ပြီ

“နေလို့မကောင်းရင် ဒေါက်တာကို လှမ်းခေါ်ရမှာပေါ့..”

“‌ သော်သော် ဒေါက်တာ က ညနေ့ပိုင်းမှ လာမှာ ..”

“သော်အခု နေလို့မကောင်းရင် ရှိတဲ့ ဒေါက်တာ နဲ့ အရင်ပြရမှာပေါ့..”

“ဟင့်အင်း ..မပြချင်ဘူး ။သူတို့လာရင် ဘယ်လို နေလို့မကောင်းတာလဲ ။ဘယ်လို ဖြစ်လို့လဲ ။မေးခွန်းတွေထပ်မေးအုံးမှာ။သော်သော် မဖြေချင်ဘူး။ သော်သော် ဒီတိုင်းလေးဘဲ နေချင်တယ်။ သော်သော် ခေါင်းတွေကိုက်နေတယ်..”

တစ်နေ့မှာ (One Day)Where stories live. Discover now