🍌2🍌

2.6K 132 14
                                    

Unicode

ထယ်ယောင်းလဲ ပထဆုံးကျောင်းတက်ရက်မှာအဆင်ပြေပြေဖြင့် တက်ခဲ့ပြီးသော်...ကျောင်းဆင်းချိန်ကျ ဖေဖေလာကြိုသောကြောင့် ဖေဖေဘေးကနေရာမှာထိုင်ဖို့လုပ်တော့ အမဆူဇီက ထိုင်နေသောကြောင့် ထယ်ယောင်းလဲ အနောက်ခန်းမှာသာဝင်ထိုင်လိုက်လေသည်။

"သားလေ...ပထမဆုံး ကျောင်းတက်ရက်မှာအဆင်ပြေရဲ့လား..."

"ပြေပါတယ်ဖေဖေ..."

"ဉီးစိတ်မပူပါနဲ့ ထယ်လေးကမငယ်တော့ဘူးလေ...သူအဆင်ပြေပြေနေတက်နေပြီလေ..."

ဆူဇီဝင်ပြောလိုက်တော့ ဖေဖေက ဘာမှမပြောတော့ပဲ ကားကိုသာဂရုစိုက်မောင်းနေလေသည်။

အိမ်ရောက်တော့ ဘာရယ်မဟုတ် အိမ်အပြင်ပိုင်းကို ထယ်ယောင်းကြည့်လိုက်တော့ မေမေရှိနေတုန်းက နှစ်ထပ်တိုက်အိမ်အကျယ်ကြီး ရှေ့က ပန်းရောင်စုံတွေမှာ ပွင့်လန်းက စိမ်းလန်းစိုပြေနေသော သစ်ပင်တွေက အခုတွင်တော့ နွမ်းခြောက်နေပြီ ဖြစ်သောကြောင့် ထယ်ယောင်းအားတဲ့နေ့ ရေလောင်းပေါင်းသင်ရန် တေ့ထားလိုက်သည်။

အမဆူဇီကတော့ သူမဆိုင်တွင် ခြယ်သထားသော လက်သည်းပုံဖော်ထားတာတွေ ပျက်မှာစိုးသောကြောင့် ထိုနေရာအား ခြေဉီးတောင်လှည့်မှာမဟုတ်ပေ...။

ထယ်ယောင်းလဲ အိမ်ထဲဝင်ပြီး ရေမိုးချိုးပြီး ပျင်းလာသောကြောင့် ဝရန်တာထွက်ရပ်ကာ နေဝင်ချိန်ဖြစ်နေသော ကောင်းကင်ကြီးကို အကြောင်းမဲ့ကြည့်ကာ ဆုံးပါးသွား​ေသာမေမေအား လွမ်းဆွတ်နေမိကာ တရွေ့ရွေ့သွားနေသော.တိမ်တိုက်ကြီးတွေကို မေမေအား သားဒီမှာရှိနေပါတယ်ဆိုတဲ့ အကြောင်းပြောပြခိုင်းနေမိသည်။

တိမ်တိုက်ကြီးနဲ့ စကားပြောလို့ဝတော့မှ ထယ်ယောင်း အိမ်ရှေ့က လမ်းမကြီးအားကြည့်နေတုန်း အဖြူရောင်ကျောင်းဝတ်စုံလေးဖြင့် ထယ်ယောင်းအရွယ်ကောင်လေးတစ်ယောက်က စက်ဘီးကိုဖြေးဖြေးချင်း တွန်းနေကာ ထယ်ယောင်းအားလှမ်းကြည့်နေတာက ဝရန်တာမှာ ရပ်နေသော ထယ်ယောင်းတွေ့သွားလေသည်။

ထယ်ယောင်းအကြည့်က မထင်မှတ်ပဲ ထိုကောင်လေးစီရောက်သွားတော့ ထိုကောင်လေးက ထယ်ယောင်းကို လှမ်းရီပြလေသည်။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now