🍌10🍌

1.8K 114 24
                                    

Unicode

ထယ်ယောင်းလဲ ေဂျာင်ဂုကြည့်နေသောကြောင့် လီယိုအား ဖက်ပဲဆက်ဖက်နေရမလို ဂျောင်ဂုကိုပဲ ခေါ်ရမလိုနဲ့ တိုင်ပတ်နေတုန်း ဂျောင်ဂုက ထယ်ယောင်းကိုဘေးက ထွက်သွားလေသည်။

ဂျောင်ဂုတောင် ဘေးကဖြတ်သွားပြီး ဖြစ်သောကြောင့် လီယိုကိုဖယ်လိုက်ကာ...။

"အဆင်ပြေရဲ့...လီယို..."

" ပြေတာပေါ့ ထယ်ယောင်းရဲ့ နင်အရမ်းချောလာပြီး အရပ်တွေရှည်လာတာပဲ..."

"အင်း..."

"ဂျောင်ဂုနဲ့...နင်အဆက်အသွယ်မလုပ်ဘူးလား.."

"မလုပ်ဘူးလေ...ဘာလို့လဲ..."

"ဒီတလျှောက်လုံးလား..."

"အင်း...ငါအိမ်ပြောင်းတုန်းကတောင် ဂျောင်ဂုကိုမပြောခဲ့ဘူးလေ..."

"ဟာ...ငါကနင်နဲ့သူ အဆက်အသွယ်ရှိတယ်ထင်လို့ ငါစကားပြောတိုင်း... ဂျောင်ဂုကိုမခေါ်တာပေါ့..."

"ထားလိုက်ပါတော့...ပြီးတာက ပြီးခဲ့ပြီပဲလေ..."

" အင်း...ရည်းစားရနေပြီလား ထယ်ယောင်း... "

"ဘာလို့မေးတာလဲ..."

" နင်ကအရမ်းချောတော့ရည်းစားရှိလောက်မယ်လို့ ငါထင်မိလို့လေ..."

"အင်းရှိတယ်...မနက်ဖြန်လိုက်လာလိမ့်မယ်သူက...သူက ဘူဆန်ကမို့လေ..."

" သူ?...သူဆိုတော့ ယော်ကျားလေးလား..."

"အင်းပေါ့..."

"ဝါး...ထယ်ယောင်းရာ...နည်းနည်းပါးပါးတော့ ငါ့ကိုပြောပြထားမှပေါ့..."

"စပရိုက်လေ...လီယိုရဲ့..."

"အရူးကောင်...နင်အရင်ထဲက လုပ်လိုက်ရင် စပရိုက်တွေကြီးပဲ အိမ်ပြောင်းတော့လဲ ရုတ်တရက်ကြီး နင်ပြောင်းတဲ့နေက ငါနှာရည်တွေကျတဲ့ထိငိုရတာနင်သိလား...အရူးရဲ့..."

လီယိုအပြောကို ထယ်ယောင်း တဟားဟားရီကာ လီယိုပခုံးအား ပုတ်ကာ အိမ်ပြန်တော့မည်ဖြစ်ကြောင်း ပြောလိုက်လေသည်။

"မနက်ဖြန်နင့်အိမ်လာလည်မယ်...ထမင်းဟင်းချက်ထား..."

"အိုခေ...ခုတော့ ဘိုင့်..."

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now