🍌14🍌

1.8K 117 35
                                    

Unicode

သူတို့အားလုံး ပင်လယ်ဓားမြဆင်းလာတော့...။

"ဂျီမင်းက ထိပ်ဆုံးလဲ မဟုတ်ပဲ တအားအော်တာပဲနော်..."

"အာ...ငါက အဲ့ဒါမျိုးမစီးဖူးလို့လေ..."

" ရပါတယ်...လီယိုကမေးကြည့်တာပါ...ကိုကို့ကိုဖက်ပီးစီးတာပျော်ရဲ့လားဟင်..."

"ဗျာ...လီယိုငါ့မှာ ထယ်ယောင်းရှိပါတယ်...ဘာတွေပြောနေတာလဲ..."

"ထယ်ယောင်းက ဂျီမင်းနဲ့တွဲနေတာ မဟုတ်ပဲ စနေတာဆိုတာ ပြောပြထားလို့သိပြီးပြီ...ဂျီမင်းလဲဆက်ပြီး ဒရမ်မာခင်းမနေပါနဲ့တော့..."

"ကျစ်...ကင်မ်ထယ်ယောင်းကတော့ ငါ့မှာတော့ သူအကူအညီတောင်းလို့ သေချာကြီးငါ cute type လေးကိုဖယ်ပြီး smart ကျအောင်လုပ်လိုက်ရတာသူကတော့ အာချောင်းပီးပီပေါ့ နေနှင့်အုံးအိမ်ရောက်မှ တွေ့မယ်..."

"haha...ဂျီမင်းကလဲ ထယ့်ကိုအတင်းမေးလို့ထယ်ကပြောပြတာပါ..."

ပင်လယ်ဓားမြပေါ်က ဆင်းဆင်းချင်း ဆူညံနေသော သီချင်းသံတွေကြောင့် ဂျီမင်းနဲ့လီယိုက တစ်ယောက်နားတစ်ယောက်ကပ်ကာ ပြောနေရင်း ဂျီမင်းရဲ့နှုတ်ခမ်းတွေထော်ကာ လီယိုအား တစ်ခုခုပြောနေပုံအား ယွန်းဂီကြည့်ရင်းရီနေမိသည်။

ဒီအကောင်ပေါက်လေးက ကလေးစိတ်မပျောက်သေးပဲ ဘယ်လိုများရည်းစားထားလိုက်ပါလိမ့်...။

"ဂျီမင်းနား ငါ့ကိုဘာလို့စိတ်ဆိုးသလို ကြည့်နေတာလဲ..."

ထယ်ယောင်း ဂျီမင်းနားကို ဂျောင်ဂုနဲ့တူတူရောက်လာတော့ ဂျီမင်းက ထယ်ယောင်းအား မျက်စောင်းထိုးကာ ကြည့်နေသောကြောင့် မေးလိုက်ခြင်းဖြစ်သည်။

"ထယ်ယောင်း...ငါသိပြီးတာကို ဂျီမင်းကိုပြောပြလို့ဂျီမင်းစိတ်ဆိုးနေတာ..."

"လီယိုကတော့..."

"ဟီးဟီး မထင်မှတ်ပဲ ပြောမိလိုက်တာပါ ထယ်ယောင်းရဲ့..."

"ဂျီမင်းနား စိတ်မဆိုးနဲ့နော်လာ ဖက်ထားပေးမယ်..."

အရင်ထဲက ဂျီမင်းစိတ်ဆိုးလျှင် ထယ်ယောင်းက ဖက်ထားကာ ချော့လေ့ရှိသောကြောင့် ယခုတွင်လဲ ထိုအတိုင်းပင် ဂျီမင်းအား ထယ်ယောင်းဖက်လိုက်လေသည်။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now