🍓3🍓

2.3K 142 25
                                    

Unicode

"မေမေရေ...သားဘာကူရဉီးမလဲ..."

"အရှေ့ဝိုင်းက မှာတာကို မှတ်ပေးဉီးသားရေ..."

ကျောင်းက ရောက်ရောက်ချင်းပင် ဂျောင်ဂုမနားနိုင်ပဲ မေမေရဲ့ ကိုရီယားစားသောက်ဆိုင်လေးအား ဝိုင်းကူလုပ်ပေးတော့သည်။

ဖေဖေက ကုမ္ပဏီပိုင်ရှင်ဖြစ်သည့်အလျှောက်...အသေးစား ကုမ္ပဏီ လေးဖြစ်တာကြောင့် ပိုက်ဆံက သူနိုင်ဖြုန်းနိုင်တဲ့အဆင့် ရှိသော်လည်း မေမေကသူမဝါသနာပါရာ သူမလုပ်ချင်သော ဆိုင်လေးအားဖွင့်လှစ်ထားလေသည်။

ဆိုင်ကလဲ ဂျောင်ဂုကျောင်းဆင်းချိန်ဆိုရင်ဖြင့် လူစည်နေတက်သောကြောင့် စာမလုပ်ခင် မေမေကိုအရင်ရောင်းကူလိုက်သည်။

တစ်ဝိုင်းပြီး တစ်ဝိုင်းမှ မှာသောအစားအစားများနဲ့ မေမေချပေးခိုင်းတဲ့အစားစားများကိုချပေးရင်းမှ မေမေက ဂျောင်ဂုအားရေမိုးချိုးပြီး နားရန်ပြောတော့မှ ဂျောင်ဂုလုပ်လက်စကို ချကာ အိမ်အပေါ်ထက်သို့တက်ပြီး ရေချိုးခန်းထဲ တန်းဝင်သွားလေသည်။

ဂျောင်ဂုအသက်က 13နှစ်ရှိပြီးဖြစ်သော်လည်း မူကြိုတက်တာနောက်ကျသောကြောင့် အတန်းအားဖြင့် ၄တန်းသာရှိသေးသည်။

10နှစ်အရွယ်ကလေးတွေနဲ့ ဂျောင်ဂုကျောင်းတက်ရပေမဲ့လဲ ဂျောင်ဂုလူတိုင်းနဲ့ အဆင်ပြေအောင်နေပါသည်။

ဂျောင်ဂုရေချိုးပြီး ခေါင်းသုတ်ကာ...ရေချိုးခန်းထဲကထွက်လာပြီးနောက်...ပထမဆုံးဝရန်တာအားထွက်ရင်း တွေးမိလိုက်တာ လမ်းထိပ်အိမ်က ကလေးလေးအကြောင်းပင်...ထိုကလေးလေးကို ဂျောင်ဂုအရင်ထဲက မြင်ဖူးသော်လည်း  ဒီနှစ်အတွင်း အများကြီးထွားလာသည်ပြောရမည်။

လမ်းထိပ်က သူငှေးအိမ်က ကလေးအကြောင်း တွေးတာရပ်ပြီး...စာရေးစားပွဲပေါ်တွင် ထိုင်ကာ စာအုပ်ကို ဟန်ပါပါဖြင့်ဂျောင်ဂုလှမ်လိုက်လေသည်။

အပီအပြင် စာလုပ်မည်ဖြစ်သောကြောင့် စာအုပ်လှမ်လိုက်သော်လည်း...စာအုပ်ထဲတွင် စာတစ်လုံးမှလိုက်မရေးထားမှန်း ဂျောင်ဂုသတိထားမိသွားသဖြင့် ​ပြုံးမိသွားသည်။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now