🍌12🍌

1.8K 118 20
                                    

Unicode

ဂျောင်ဂု... ထယ်ယောင်းတို့နဲ့ ကန်တင်းမှာ မုန့်စားပြီးနောက် အတန်းမတက်ပဲ အဆောင်ရဲ့အပေါ်ဆုံးထပ်က လေသာဆောင်မှာ လေငြင်းလာခံနေရင်း အတွေးတွေပြန့်ကျန့်လေသည်။

အပေါ်ဆုံးထပ်က ဖြစ်သောကြောင့် လေတွေတအားတိုက်နေကာ အေးလာသောကြောင့် ဂျောင်ဂုတစ်ယောက် အိတ်ကပ်ထဲက ဆေးလိပ်တစ်လိပ်ကိုထုတ်ကာ ပါးတွေချိုင့်ဝင်သွားအောင် ရှုက်ဖွာလိုက်ပြီး တစ်ခုခုအား တွေးနေပုံပေါ်သည်။

သူဟာဆေးလိပ်အား စိတ်ညစ်တဲ့အချိန်တိုင်း သောက်ရန် အိတ်ကပ်ထဲမှာထားထားသော်လည်း ဘယ်တော့မှ ထုတ်မသောက်ဖစ်ခဲ့ပေ...။

အရမ်းသောက်ချင်ရင်တောင် ကျောင်းမှာပဲ သောက်ခဲ့တာ...အခုတစ်ခေါက်ကတော့ ထယ်ယောင်းနဲ့ ထယ်ယောင်းချစ်သူကို မြင်လိုက်ရတော့ ရင်ထဲတစ်အားနေလို့မကောင်းတာနဲ့ လာသောက်ခြင်းဖြစ်သည်။

ကင်မ်ထယ်ယောင်း...ထွက်သွားတုန်းကလဲ နာကျင်ရသလို ရောက်လာပြန်တော့လဲ နာကျင်ရတယ်...ပြန်လာလို့ ပျော်ရမလားရှိသေး...ချစ်သူပါရှိနေတာတဲ့...ဂျောင်ဂုကိုက ဘာတွေမျှော်လင့်နေမိပါလိမ့်...ထယ်ယောင်းဆိုတာ အရင်ထဲက ဂျောင်ဂုအရင်စကားပြောမှ ပြန်​ပြောခဲ့တဲ့သူမဟုတ်လား...။

ဂျောင်ဂုတစ်ယောက် အတွေးမျိုးစုံဖြင့် ဆေးလိပ်သောက်နေတုန်း...ခေါင်မိုးထပ်ပေါ် တစ်ယောက်ယောက်တက်လာတဲ့ အသံကြားသော်လည်း လှည့်မကြည့်ဖစ်...။

"အစ်ကို..."

အနောက်ဘက်ကနေ တိုးလျလျထွက်လာသော အသံကြောင့် ထယ်ယောင်းအသံမှန်းသိကာ လှည့်ကြည့်လိုက်သည်။

"အင်းပြောလေ..."

"ဆေးလိပ်ရှိရင် တစ်လိပ်လောက်ပေး...ကျွန်တော်လဲ သောက်ချင်လာလို့..."

"ထယ်ယောင်းက...ဆေးလိပ်သောက်တက်လို့လား..."

"ေသာက်နေကျမဟုတ်ပေမဲ့...တစ်ခါတစ်လေ သောက်လို့ သောက်တက်ပါတယ်..."

"ရော့...အမြဲတမ်းတော့ မသောက်နဲ့ကျန်းမာရေးအတွက်မကောင်းဘူး..."

"အင်း..."

ဂျောင်ဂုသည် ထယ်ယောင်းရဲ့ ပုံစံအား ကြည့်ကာသောက်တက်တဲ့ပုံ မဟုတ်သော်ကြောင့် မေးလိုက်သော်လည်း သောက်ချင်နေတဲ့ပုံလေးနဲ့ ထယ်ယောင်းကြောင့် ဆေးလိပ်ပေးလိုက်သော်လည်း ခနခနသောက်ရင် ကျန်းမာရေးမကောင်းဖြစ်မှာဆိုလို့...စိတ်ပူရသေးပါရဲ့...။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now