🍓1🍓

6.5K 208 43
                                    

Unicode

သာယာလှပတဲ့ မနက်ခင်းတစ်ခုမှာပေါ့...။

တီး...တီးးး...။

အလန်းသံက တိတ်ဆိတ်နေသောအခန်းထဲတွင် ကျယ်လောင်စွာမြည်နေလေသည်။

စောင်ပုံထဲကာ ကောင်လေးက အလန်းသံကြောင့် လူးလိမ့်ကာ ထလာလေသည်။

ထိုကောင်လေးသည် အိပ်ယာဘေးက စားပွဲပေါ်က နာရီကိုကြည့်ကာ မျက်မှောင်ကုတ်ကာ နာရွအား မှောက်ချလိုက်လေသည်။

သူအိပ်လိုကောင်းနေတဲ့ မနက်ခင်းတိုင်း ထိုနာရီကထွက်တဲ့အလန်းသံကြောင့် စိတ်ညစ်ရသောကြောင့် ဒေါသထွက်၍ လုပ်လိုက်ချင်း ဖြစ်သည်။

နာရီကိုပွစိပွစိပြောပြီးနောက် ထယ်​ယောင်းတစ်ယောက် ရေချိုးခန်းထဲဝင်သွားလေသည်။

သွားတိုက်မျက်နှာသစ်ပြီးနောက် အောက်ထပ်သို့ဆင်းလာသော ထယ်ယောင်းကို ထမင်းစားဝိုင်းထဲမှာ ထိုင်စောင့်နေသော အဖေနဲ့မိထွေးဖစ်သူ...။

ထယ်ယောင်းကတော့ အဖေ့ကိုသာ နှုတ်ဆက်လိုက်ပြီး မိထွေးဖြစ်သူကိုတော့ မသိချင်ယောင်ကာ ထမင်းစားဝိုင်းထဲဝင်ထိုင်လိုက်လေသည်။

မိထွေးဖြစ်သူက ထယ်ယောင်းထက် အသက်၈
နှစ်သာကြီးသောကြောင့် ထယ်ယောင်းမရိုသေနိုင်ပါ...သူ့ဘာသာငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ အမေ့နေရာအား ဘယ်သူ့ကိုမှအစားမထိုးနိုင်ပါ...။

ထယ်ယောင်းအသက်က ၁၀နှစ်ရှိပြီး ထယ်ယောင်း မိထွေးဖြစ်သူက အသက်၁၈နှစ်သာရှိသေးတာဖြစ်သည်။

အဖေ့အသက်က ၃၅နှစ်ရှိပြီးဖြစ်ပြီး အမေဆုံးပြီး ၁လအကြာမှာပင် အဖေ့ထက်အများကြီးငယ်တဲ့ ကောင်မလေးတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်လာသောကြောင့် ထယ်ယောင်း  အဖေ့ကိုဒေါသထွက်ခဲ့ပေမဲ့ မိဘဆိုလို့အဖေသာရှိတော့တာကြောင့် အဖေနဲ့လိုက်လာတဲ့ မိထွေးဖြစ်သူအား ထယ်ယောင်းကြည့်မရခဲ့ပါ အဖေကလဲ သူမွေးရင်သူ့သမီးအရွယ်လောက်ပဲရှိတဲ့ ဟန်ဆူဇီအား ဘာအကြောင်းကြောင့်များ အိမ်ခေါ်တင်လာပြီး ထယ်ယောင်းအမေနေရာမှာ အဖေဘာလို့အစားထိုးရက်လဲမသိပေမဲ့ ထယ်ယောင်းကတော့ ဟန်ဆူဇီကိုလုံးဝ သဘောမကျပါ...။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now