🍌18🍌

1.8K 92 68
                                    

Unicode

ငါးယောက်လုံး jejuကို ရောက်ရောက်ချင် ပသ်လယ်ထဲဆင်းကာ...ဆော့ကျတော့သည်။

ယွန်းဂီက ထိုထဲတွင် အကြီးဆုံးပီပီထိန်းပေမဲ့ တစ်ယောက်မှ ယွန်းဂီစကားနားမထောင်ကြပေ။

ယွန်းဂီလဲ ဆော့ချင်သပလဲဆော့ပါစေဆိုပြီး လွှတ်ထားပေးလိုက်ကာ ဂျီမင်းနားအားသွားကာ ရေပတ်လိုက်သည်။

"ရေမပက်နဲ့လို့..."

"ပက်မှာပဲကွာ..."

"မပက်နဲ့နော်..."

"ပက်မှာပဲ..."

"ကယ် ဒီလောက်တောင်ပက်ချင်နေတော့လဲ..."

ဂျီမင်းသည် ယွန်းဂီခြေထောက်အား ရေထဲကနေဆွဲချကာ ယွန်းဂီအား ရေနှစ်တော့သည်။

ဂျီမင်းနဲ့ယွန်းဂီဆော့နေတုန်း ဂျောင်ဂုကလဲ ထယ်ယောင်းနားမသိမသာသွားလိုက်ကာ... ။

"ဘယ်တော့အဖြေပေးမယ် စဉ်းစားထားလဲ...ထယ်ထယ်..."

"အဲ့...အဲ့ဒါက"

"သေချာဖြေပါထယ်ထယ်...ကိုယ်နှလုံးသားက မင်းမှမင်းဖြစ်နေလို့ ထယ်ထယ်တာတာဝန်ယူမှဖြစ်တော့မှာနော်..."

"အမယ်...ဘာဆိုင်လို့တုန်း..."

"ထယ်မှပြန်မချစ်ရင် လူပျိုကြီးအနေနဲ့အရိုးထုပ်ရတော့မှာ..."

"အဲ့တော့လဲ လူပျိုကြီးပဲ လုပ်ပေါ့..."

"ထယ်ထယ် ကိုယ်ငိုလိုက်မှာနော် မစနဲ့တော့..."

"ဟော...အစ်ကိုက အကြီးဖြစ်ပြီး ငိုမယ်ပေါ့..."

" အကြီးကမငိုရဘူးလို့ ဘယ်သူပြောလို့လဲ ထယ်ထယ်ကလဲ..."

ဆူပုတ်ကာ ထယ်ယောင်းအား ပြောနေသောကြောင့် ထယ်ယောင်းလဲ ဆက်မစတော့ပဲ...။

"ချစ်တယ်... ဂျွန်ဂျောင်ဂုကိုချစ်တယ်..."

ခုနတင်စနေသော ထယ်ယောင်းက ရုတ်တရက်ထပြောလာသောကြောင့် မတ်တပ်ရပ်နေသော ဂျောင်ဂု ရင်ခုန်သံတွေမြန်ကာ ဒူးများပါခွေချင်သွားသည်။

"တ...တကယ်လား...ထယ်ထယ်..."

"အင်း အတည်..."

ထယ်ယောင်းအပြောအဆုံး ဂျောင်ဂုသည် ထယ်ယောင်းပါးနှစ်ဖက်အား သူရဲလက်များဖြင့် ဆွဲယူကာ ထယ်ယောင်းနှုတ်ခမ်းအား နမ်းလိုက်သည်။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now