🍌16🍌

1.7K 111 45
                                    

Unicode

(အပေါ်ကသီချင်းလေးနား​ထောင်ပြီး ဖတ်ပါ​နော်)

ထယ်ယောင်းတစ်ယောက် စာမသင်ချင်တာနဲ့ ခေါင်းမိုးထပ်သို့ ဘယ်သူ့မှမခေါ်ပဲ အညိုရောင်လက်ရှည်လေးနဲ့ နားကျပ်တက်ကာဖြင့် ဘက်ကြားထဲတွင် ဆေးလိပ်ညှပ်ကာ...အပေါ်စီးကနေ သိပ်လှသော Uniဝန်းအားကြည့်နေမိသည်။

တဖြေးဖြေးအေးလာသောကြောင့် ဆေးလိပ်အားနာနာဖွာနေမိသည်။

ထယ်ယောင်းတစ်ယောက်ထဲ ငေးနေတုန်း...။

"အတန်းလစ်ပြီး ဆေးလိပ်လာခိုးသောက်နေတယ်ပေါ့..."

ပခုံးအားတို့ကာ ပြောလိုက်သောကြောင့် ထယ်ယောင်းလန့်ကာ နားကျပ်တစ်ဖက်ကိုဆွဲဖြုတ်ပြီး ကြည့်လိုက်တော့ အစ်ကိုဂျောင်ဂုဖြစ်နေသောကြောင့် ထယ်ယောင်း ပြုံးသွားလေသည်။

" ဒီတိုင်းပျင်းလို့ပါ အစ်ကိုရဲ့..."

"တစ်လိပ်ပေး..."

ထယ်ယောင်းလဲ ဘောင်းဘီအိပ်ကပ်ထဲက ဆေးလိပ်ကိုထုတ်ကာ ဂျောင်ဂုပေးလိုက်တော့သည်။

ထယ်ယောင်းအခုမှ သေချာကြည့်မိတယ် အနက်ရောင် အကျီအကပ်ကို ဂျင်းဘောင်းဘိီနဲ့ တွဲဝတ်ထားတဲ့ အစ်ကိုက ညာဘက်ဘက်တစ်ဖက်လုံးအပြည့်ကို တက်တူးတွေထိုးထားလေသည်။

ခါတိုင်းနေတွေဆို အစ်ကိုက လက်ချောင်းမျဖုန်းသည်အထိ အကျီလက်ရှည်များသာ ဝတ်တက်သောကြောင့် သတိမထားမိခဲ့သော်လည်း ယခုတွင်မူ များပြားလွန်းတဲ့ တက်တူးတွေက နှာခေါင်းရှုတ်စရာဆိုပေမဲ့ ဖြူဖွေးနေတဲ့ အသားအရည်ထက်က အစ်ကိုရဲ့ တက်တူးတွေက အစ်ကိုနဲ့လိုက်ဖက်ကာ တမူထူးခြားနေလေသည်။

"ကြည့်လှချည်လား...ထယ်ထယ်..."

"အာ...တက်တူးတွေ ခုမှတွေ့လို့ ကြည့်နေမိတာ အစ်ကိုနဲ့အရမ်းလိုက်တာပဲ..."

"ထယ်ထယ် သဘောကျလို့ တော်သေးတာပေါ့..."

"ဟမ်..."

"ထယ်ထယ်က ကိုယ့်တက်တူးကို သဘောမကျမှာ စိုးရိမ်နေတာ..."

"အာ...သဘောကျပါတယ်...အစ်ကိုနဲ့လိုက်တယ်..."

"ဒါနဲ့ ဘာသီချင်းနားထောင်နေတာလဲ..."

ဂျောင်ဂုအမေးကြောင့် ထယ်ယောင်းလဲ နကျပ်တစ်ဖက်အား ဂျောင်ဂုအား ပေးလိုက်လေသည်။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now