🍓13🍓

1.8K 106 39
                                    

Unicode

"ထယ်ယောင်း...ပထမဆုံးနေ့မှာတင် အတန်းပြေးရတာပျော်ရဲ့လား...အတန်းပြေးပြီးဘယ်သွားနေတာလဲ..."

"ဘယ်သွားသွားပေါ့...အခုငါမင်းအရှေ့ပြန်ရောက်နေပြီပဲလေ..."

"ဟုတ်ပါပြီ...ဒါလေးမေးတာကို...အခုကျောင်းဆင်းပြီမို့...တနေရာရာသွားကြမလား..."

"တော်ပါပြီ ဂျီမင်း...အိမ်ပဲပြန်ကြရအောင်ပါနော်..."

"အင်းပြန်ကြတာပေါ့..."

"ထယ်ယောင်း အိမ်ပြန်တော့မို့လား...ငါလဲလိုက်မယ်လေ...တူတူပြန်မယ်လေ..."

လီယိုကဝင်ပြောလေသည်။

" အင်း...တူတူပြန်မယ်..."

ထို့နောက် လွယ်အိပ်ကိုယ်စီသိမ်းနေရင်း ဂျောင်ဂုရောက်လာကာ လေးယောက်သား အိမ်သို့တူတူပြန်လာလိုက်ကြသည်။

အားလုံးက ဂျောင်ဂုကားနဲ့လိုက်လာသောကြောင့် ထယ်ယောင်းအရင်နေခဲ့သော အိမ်အရှေ့မှာ ဂျောင်ဂုကားရပ်လိုက်သောအခါ...ထယ်ယောင်း မျက်ဝန်းအစုံဟာ ပြူးကျယ်သွားရသည်။

"လမ်းထိပ်မှာပဲ ရပ်လိုက်တယ်နော်...ဂျီမင်းနဲ့ထယ်ယောင်းက ဟိုနားမှာနေတာမလား...လီယိုကလဲ ဒီလမ်းထဲမှာပဲဆိုတော့လေ..."

"အစ်ကို့...အိမ်ကရော..."

"အော်...ထယ်ယောင်းအရင်နေတဲ့ အိမ်လေအဲ့ဒါ..."

"အာ...အဲ့အိမ်ကို ဝယ်လိုက်တာလဲဟင်..."

"ဟုတ်တယ်...အစ်ကို့အဖေဝယ်လိုက်လို့လေ...နောက်နေ့အိမ်လာလည်လေ...ထယ်ယောင်းအရင်ကနေတဲ့ အတုိင်းပဲ ဘာမှမပြောင်းလဲဘူး..."

"ဟုတ်ကဲ့...ကျွန်တော် လာလည်ချင်တာ အတော်ပဲ ဟီး..."

"ဟုတ်ပါပြီ...ဂျီမင်းလဲ လိုက်ခဲ့လေ..."

"ဟုတ်ကဲ့..."

" ဒါဆို...သွားပြီနော်...ဘိုင့်ဘိုင် အစ်ကိုဂျောင်ဂု..."

ထယ်ယောင်းအပြောကို...လီယိုကဝင်ပြောလေသည်။

" ဒါနဲ့ ဒီနားမှာ ညစျေးရှိတယ်ပြောတယ် ရဟတ်တွေ ပင်လယ်ဓားမြတွေရှိတယ်ပြောတယ်...ငါတို့တူတူသွားကြမလား..."

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now