🍌6🍌

1.8K 120 20
                                    

Unicode

ဒီနေ့က ကျောင်းပိတ်ရက်မို့ ထယ်ယောင်း ပုံမှန်ထက်နောက်ကျပြီးမှ အောက်ဆင်းလာတော့...။

" တောက်...ဒီဇိုင်းအခိုးခံရတယ်ဟုတ်လား မင်းတို့ကဒီဇိုင်းကိုတောင် သေချာမသိမ်းနိုင်ရင် ဘာလို့အလုပ်လုပ်နေသေးလဲ...အခုတော့ဟိုဘက် ကုမ္ပဏီ ကငါတို့ဒီဇိုင်းယူပြီး ...ငါတို့ကိုခိုးတယ်ပြောနေပြီ အဲ့ကိစ္စကို မင်းရအောင်ဖြေရှင်း မဖြေရှင်းနိုင်ရင် ကုမ္ပဏီလဲ ဒေဝါလီခံပြီး မင်းလဲ ထမင်းငတ်ပီသာမှတ်လိုက်တော့..."

ထယ်ယောင်းအဖေသည် တစ်ဖက်က လူအားဒေါသတကြီးပြောပြီး ဖုန်းချလိုက်ကာ ဖုန်းအားနံရံဘက်ပစ်လိုက်လေသည်။

"ဖေ...ဖေဖေ ဘာဖြစ်လို့လဲဟင်...ဖုန်းကွဲသွားပြီးထင်တယ်..."

ထယ်ယောင်းလဲ ဖေဖေပစ်လိုက်တဲ့ နံရံအောက်မှာ အစိတ်စိတ်အမွှာမွှာကွဲနေသော နောက်ဆုံးပေါ် iphone ကြီးအား နှမျောတန်းတစွာကြည့်နေလေသည်။

"ဘာမှမဖစ်ပါဘူး ဖေဖေ့အလုပ်မှာ ပြသာနာတက်လို့..."

"ဟုတ်ကဲ့..."

လူကြီးကိစ္စတွေမို့ ထယ်ယောင်းလဲ ဘာမှမတက်နိုင်သောကြောင့် ဝင်မပါတော့ပဲ...တူတူဆော့ဖို့ အိမ်လာမယ်ဆိုသော လီယိုကိုသာ ခြံထဲကပုခတ်ပေါ်တွင်ထိုင်စောင့်နေမိသည်။

"ဟေး...ထယ်ထယ်..."

ထယ်ယောင်း ပုခတ်ပေါ်တွင် ထိုင်နေတုန်း ခြံအပြင်ဘက်က ထွက်လာသော အသံကြောင့် ထယ်ယောင်းခေါင်းထောင်ကြည့်လိုက်တော့...ဂျောင်ဂုဖြစ်နေလေသည်။

ထယ်ယောင်းလဲ ခြံတံခါးနားသွားလိုက်ကာ တံခါးဖွင့်လိုက်ပြီး...။

" ဘာလာလုပ်တာလဲ..."

"ပျင်းလို့ စက်ဘီးစီးနေရင်း ထယ်ထယ်တို့ အိမ်ဘက်ချောင်းကြည့်လိုက်တာ ထယ့်ကိုတွေ့တာနဲ့ပဲ အစ်ကိုလှမ်းခေါ်လိုက်တာ...မကြိုက်ဘူးလားအစ်ကိုအဲ့လိုခေါ်တာကို..."

"မဟုတ်ပါဘူး ရုတ်တရက်ရောက်လာလို့ ဘာလာလုပ်တာလဲမေးကြည့်တာ..."

"အင်းအဲ့ဒါဆို လေးလမ်းကျော်က ပန်းခြံသွားဖို့ လိုက်ဉီးမလား..."

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now