🍌8🍌

1.7K 113 18
                                    

Unicode

ဖေဖေက ညနေမှပြောင်းမယ်ပြောထားပေမဲ့ ညနေဘက်ဆို မိုးချုပ်သွားနိုင်တယ်ဟုဆိုကာ အခုပင်ပြောင်းရတော့မှာမို့ ထယ်ယောင်း တစ်ယောက်သူတော်တော်ကြာကြာနေခဲ့ပြီး ေမမေသဘောကျတဲ့ အိမ်လေးအား နောက်ဆုံးအနေနဲ့လှည့်ပတ်ကြည့်လိုက်ပြီး သူ့အခန်းထဲ ဝရန်တာကိုထွက်ရပ်လိုက်တော့ သူ့အားအိမ်ရှေ့ကဖြတ်သွားလျှင် ​အမြဲတမ်း ရီပြလေ့ရှိသော ယုန်သွားပိုင်ရှင်လေးအား သတိရမိသွားသည်။

ေကျာင်းဖွင့်ရက်ဖြစ်သောကြောင့် ဂေါျင်ဂုကကျောင်းသွားနေချိန်မို့ ထယ်ယောင်းကို အခုနေရီပြမဲ့ ယုန်သွားပိုင်ရှင်လေးမရှိပါ...။

ထယ်ယောင်းလဲ ဝမ်းနည်းလွန်းတာကြောင့် သူနေခဲ့တဲ့အခန်းလေးအား နောက်ဆုံးတစ်ခေါက်ကြည့်ကာ အထုပ်ဆွဲ ပြီး အိမ်အောက်ထပ်သို့သာ ဆင်းလာလိုက်လေသည်။

ထယ်ယောင်း အောက်ထပ်သို့ဆင်းလာတော့ ဖေဖေက အထုပ်တွေအား ကားနောက်ခန်းထဲထည့်ကာ သူတို့သုံးယောက်လုံး ကားထဲဝင်ထိုင်လိုက်ပြီး...ဘူဆန်မြို့သို့ ထယ်ယောင်းတို့ကားလေသည် တရွေ့ရွေ့နဲ့ထွက်လာလေသည်။

အရှေ့ခန်းတွင်တော့ ဖေဖေနဲ့ ဆူဇီကထိုင်ပြီး အနောက်ခန်းတွင် ထယ်ယောင်းတစ်ယောက်ထဲ ထိုင်ကာ ဘေးပတ်ဝန်းကျင်အား ငေးငိုင်ကာကြည့်နေမိသည်။

အိမ်ပြောင်းမယ်လို့ လီယိုကိုပြောတုန်းက သူမကအာပြဲကြီးနဲ့အော်ငိုခဲ့တာ...သူမကထယ်ယောင်းအား မပြောင်းရန်တားပေမဲ့ ပြောင်းကိုပြောင်းရမဲ့အခြေအနေကြောင့် လီယိုအားထားခဲ့ရသည်။

ဒါဆို...ဂျောင်ဂု...ေဂျာင်ဂုကိုဒီနေ့ညကျ တော့ပိုကီလာစားမယ်ဆိုပြီး မတည်နိုင်တဲ့ကတိတွေပေးခဲ့တယ်မလား...ဂျောင်ဂုကိုနှုတ်မဆက်ခဲ့တာမို့ ဂျောင်ဂုစောင့်နေမလား...သတိရနေမလား...။

တွေးရင်းတွေးရင်း ထယ်ယောင်းမျက်ရည်တွေဝဲလာလေသည်။

နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ရမှာကို ပါးစပ်ကဘာလို့ ပြောမထွက်ခဲ့တာဘာလိမ့်...။အခုနေဂျောင်ဂု ေကျာင်းကပြန်လွှတ်လို့ အိမ်ရှေ့ကဖြတ်ရင် ထယ်ယောင်းအိမ်ပြောင်းသွားတာသိပြီး နီုတ်မဆက်ခဲ့တာကို စိတ်ဆိုးနေမလားမသိဘူး...ထယ်ယောင်းသည် မျက်ရည်ဝဲတဲတဲဖြင့် ပန်းခြံတွင် သူတို့သုံးယောက်သားကိုက်ထားတဲ့ပုံနဲ့ ဂျောင်ဂုနဲ့နှစ်ယောက်ထဲတွဲရိုက်ထားတဲ့ပုံအား ကြည့်ကာ မျက်ရည်ပေါက်ခနဲကျလာလေသည်။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now