🍓15🍓

1.8K 111 34
                                    

Unicode

ထယ်ယောင်း ညကအရက်သောက်ထားသောကြောင့် မနက်နိုးလာတော့ ခေါင်းအားတူနဲ့ထုထားသလို ခေါင်းကိုက်နေလေသည်။

"ကျွတ်...ကျွတ်...ခေါင်းကိုက်လိုက်တာ..."

ထယ်ယောင်းလဲ ခေါင်းကိုကိုင်ကာဖြင့် အောက်ထပ်သို့တဖြေးဖြေးဆင်းလာလေသည်။

ရေသောက်ရန် နောက်ဖေးမီးဖိုချောင်ထဲဝင်လိုက်တော့...မမဆူဇီက ဟင်းရည်တစ်မျိုးချက်နေတာတွေ့ရသည်။

"မမဆူဇီ...ဘာတွေလုပ်နေတာလဲ..."

"ထယ်ယောင်း ညကအရပ်သောက်လို့ ဉီးကပြောလို့ အမူးပြေဟင်းချိုချက်နေတာ..."

"ကျေးဇူးပါ... "

"ရပါ့...လာတစ်ခါထဲ သောက်သွား...အစ်မ ဂျီမင်းကိုသွားနှိုးလိုက်မယ်..."

ဂျီမင်းအား ဆူဇီသွားနှိုးနေတုန်း ထယ်ယောင်းကတော့ သူ့အရှေ့ကအငွေ့တစ်ထောင်းထောင်းထနေသော ပဲပင်ပေါက်ဟင်းချိုအား မှုတ်ကာ သောက်နေရင်း မနေ့ကဂျောင်ဂုက အများကြီးရီပြတာတွေ လက်ချိတ်ခိုင်းတာတွေကို ပြန်တွေးမိရင်း ပြုံးမိသွားလေသည်။

"ဟျောင့် ဟင်းချိုသောက်ရင်း ရူးသွားတာလား..."

လှေကားနားကနေ စကားနာလှမ်းထိုးတဲ့ ဂျီမင်းအား ထယ်ယောင်းမျက်စောင်းထိုးလိုက်လေသည်။

"မင်းအလုပ်လား..."

"နေအုံး မင်းနဲ့စရင်းရှင်းစရာရှိသေးတယ် ထယ်ယောင်း..."

"နောက်မှပြောပါကွာ...ဟင်းချိုအေးဆေးသောက်ပါရစေ..."

"ခုပြောမယ်လဲ မပြောပဲနဲ့..."

နှစ်ယောက်သား ဟင်းချိုသောက်ပြီးတာနဲ့ အပေါ်ထပ်က ကိုယ့်အခန်းကိုယ်ပြေးကာ ရေမိုးချိုးအဝတ်အစားလဲကာဖြင့် uniသွားရန်ပြင်ဆင်ရတော့သည်။

"ရားးး...ပြီးရင်လာတော့ မင်းနဲ့ငါစရင်းရှင်းရဉီးမယ်..."

"အဲ့ဒါပဲပြောနေတယ် နောက်မှပြောကွာ နောက်ကျနေပါတယ်ဆို...မင်းကတစ်မျိုး..."

ထယ်ယောင်းနဲ့ဂျီမင်း သူတစ်ပြန်ကိုယ်တစ်ပြန်အော်ကာဖြင့် uniအရှေ့ရောက်လာလေသည်။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now