🍓7🍓

1.7K 114 13
                                    

Unicode

"မင်းတို့ကွာ...အဲ့တော့အများကြီး လျှော်ရတော့မှာပေါ့..."

" ဟုတ်တယ် သူဌေး ကျွန်တော်လဲ တက်နိုင်သလောက်လုပ်ခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူး..."

"အဲ့ဒါဆို...ဒီလျှော်ကြေးပေးဖို့ ငါ့အိမ်ရောင်းမှ ရတော့မယ် ကားလဲရောင်းပြီး စေိးသိပ်မကြီးတာလဲထားပေမဲ့ အိမ်ရောင်းဖို့ပဲကျန်တော့တယ်...ငါမှာပိုက်ဆံမရှိတော့ဘူး..."

"ကျွန်တော် တကယ်စိတ်မကောင်းပါဘူး သူဌေး...တကယ်တောင်းပန်ပါတယ်..."

"ထားပါတော့လေ...မင်းအမှားမှမဟုတ်တာ...မင်းကငါ့အတွက် အကောင်းဆိုး အတွင်းရေးမှူးပဲ..."

ထိုလူက ထယ်ယောင်းအဖေကို နှုတ်ဆက်ကာ ပြန်သွားလေသည်။

ဟူး...အခုသူဘာလုပ်ရတော့မလား သားငယ်ရဲ့မေမေ မဆုံးခင်က အရမ်းကြိုက်ပြီး သားငယ်ကြိုက်တဲ့အိမ်လေးကို သူဘယ်လိုရောင်းရက်ပါ့မလဲ...မတက်နိုင်ဘူး အိမ်မှမရောင်းရင် အကြွေးတွေပိကုန်တော့မှာ...သားငယ်လေးကိုလဲ ကိုယ်ပိုင်ကျောင်းက ထွက်ပြီး  ဒီနေကပြောင်းပြီး အခြားသင့်တော်တဲ့နေရာအား အတွင်းရေမှူးအား ရှာခိုင်းလိုက်ရသည်။

ထယ်ယောင်းလေးသိရင် ဖေဖေ့ကိုအပြစ်တင်နေမလားမသိပေမဲ့ လောကဒဏ်ရဲ့ပြကွက်တွေကြောင့် ချမ်းသာနေရင်းမှ ချက်ချင်းပင် ဆင်းရဲတဲ့ဘဝ ရောက်တော့မည်ဖြစ်သည်။

သားငယ်က သူ့မေမေကို အရမ်းချသ်တာမို့ သူ့မေမေနေခဲ့တဲ့အိမ်ကို စွန့်လွှတ်နိုင်မယ် မထင်ဘူး...ထိုအကြောင်းတွေးရင်း သူခေါင်းကိုက်လာလေသည်။

"ဉီးအဆင်ပြေရဲ့လား..."

"မပြေဘူး ဆူဇီ...ဉီးတို့အိမ်ပြောင်းရမယ်...ဒီအိမ်ကိုရောင်းရတော့မှာ..."

"ဘယ်လို..."

"အင်း စျေးသက်သာတဲ့တိုက်ခန်းလေး တစ်ခန်းရှာခိုင်းထားတယ်...ပိုတဲ့ငွေတွေကို အကြွေးဆပ်ရမယ်..."

"ဉီးမှာ ပိုက်ဆံတွေအများကြီး ရှိတယ်မလား ဆပ်လိုက်ပေါ့ အိမ်တော့မရောင်းနဲ့လေ...ထယ်ယောင်းက ဒီအိမ်ကို ဘယ်လောက်တောင်မှ ကြိုက်လိုက်သလဲ ဉီးလဲသိတာပဲ..."

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now