🍓5🍓

2K 130 24
                                    

Unicode

ထယ်ယောင်းတစ်ယောက် ကျောင်းရောက်တော့ လီယိုက ထယ်ယောင်းအား လက်ပြကာ သူမဘေးတွင် လာထိုင်ခိုင်းသောကြောင့် ထယ်ယောင်းလဲ လီယိုဘေးတွင်ထိုင်လိုက်ပြီး စာအုပ်ထုပ်ကာ စာသာလုပ်မိသည်။

"ရား အခုမှကျောင်းရောက်တာလေ...ခနတော့မားပါအုံးဟ...စကားပြောမယ်လေ..."

ထယ်ယောင်းလဲ မင်လီယိုအပြောကြောင့် စာအုပ်ပိတ်လိုက်ပြီး...။

"အင်းပြော...ဘာပြောချင်တာလဲ..."

"နင်အဆင်ပြေလားသိချင်လို့လေ..."

"ငါကဘာလို့အဆင်မပြေရမှာလဲ..."

"နင်အမေ ဆူဇီက ငါ့ကိုဖုန်းဆက်ပြီး နင့်ကိုဂရုစိုက်ပေးပါပြော​လို့လေ..."

"ဘယ်လို..."

"ငါလဲ ငါ့မေမေ ဖုန်းကိုင်ပြီး နင့်အမေနဲ့ပြောနေတာကို မယုံနိုင်ဖြစ်နေတာ...မေမေပြောပြမှ ယုံတာ..."

"သူက ငါ့အမေအရင်းလဲ မဟုတ်ပဲ ဘာလို့အခုမှ သဘောကောင်းချင်ယောင်ဆေညင်နေတာလား..."

"ငါလဲမသိဘူး ထယ် နင်သတိထားပြီးသာနေတော့ သူ့စိတ်ကခန့်မှန်းလို့ရတာမဟုတ်ဘူး..."

မင်လီယိုသည်လဲ ထယ်ယောင်းထက် အသက်တစ်နှစ်ကြီးကာ သူမအသက်က၁၁နှစ်ဖြစ်ပြီး ထယ်ယောင်းအား တစ်ခါတစ်လေကျ ကာကွယ်စောင့်ရှောက်ပေးလေ့ရှိသည်။

ထယ်ယောင်းက သူ့ထက်ကြီးသော မင်လီယိုကိုရော ဂျောင်ဂုကိုရော နာမည်တပ်ကြပီးသာ ခေါ်သည်။

ဒါကထယ်ယောင်းရဲ့အကျင့်ဖြစ်သည်...သူငယ်ချင်းဆိုတာ အခေါ်အဝေါ်ကအစ ပေါ့ပေါ့ပါးပါး ရှိရမယ်မဟုတ်လား...။

"ဟဲ့...ငါပြောတာကြားလား..."

"ဘာပြောလိုက်တာလဲ... "

"ငါနင့်အိမ်ကို ညနေကိရင်လိုက်ခဲ့မယ်...နင်တို့လမ်းထဲက တော့ပိုကီကညစားကောင်းတယ်လို့ ငါကြားတယ်...အဲ့ဒါဝယ်စားဖို့ နင်လိုက်ခဲ့ပေး..."

"နင့်ဘာသာသွားလေ..."

"ထယ်ကလဲ ငါ့ကိုလိုက်ခဲ့ပေးလေနော် ငါကမိန်းခလေးလေ တစ်ယောက်ထဲသွားဖို့ မသင့်တော်ဘူးလေနော်...နော်..."

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now