🍌4🍌

1.9K 121 24
                                    

Unicode

ထုံးစံအတိုင်း ထယ်ယောင်း ကျောင်းသွားရန် ေရမိုးချိုးပြီး မနေ့က ဂျောင်ဂုအကြောင်းတွေးမိသွားလေသည်။

အခြားလူတွေနဲ့ဆို စကားကောင်းကောင်း မပြောတဲ့ ထယ်ယောင်းက ဂျောင်ဂုနဲ့စကားတွေအများကြီး မနေ့ညက ပြောခဲ့မိတာကို ထယ်ယောင်း ကိုယ့်ကိုယ်ကိုယ် အံသြနေမိလေသည်။

အင်း...အစ်ကိုမရှိတော့ ဂျောင်ဂုကို အစ်ကိုတစ်​ယောက်လို သဘောထားမိပြီး...အားကိုးမိတာဖြစ်နိုင်တယ်...။

ထယ်ယောင်း မနေ့က ဖေဖေလဲ ပြန်မလာသေးတာနဲ့ အိမ်မှာဆူဇီပဲရှိသောကြောင့် မမဆူဇီနဲ့ နှစ်ယောက်ထဲမနေချင်သောကြောင့် လမ်းထဲခနသွားမယ်ဟုပြောခဲ့ကာ...သူ့အားနေ့တိုင်းအိမ်ရှေ့က ဖြတ်သွားတိုင်း ရီပြလေ့ရှိသော ယုန်သွားပိုင်ရှင်လေးအား သွားရှာရန်ဖြစ်သည်။

လမ်းကအတွင်းကျသောကြောင့် လျှောက်နေရင်း ဗုိက်ဆာလာသောကြောင့် ဖေဖေမုန့်ဖိုးပေးထားသော ပိုက်ဆံဖြင့် လမ်းမဆုံးခင်နားလေးတွင် ဖွင့်ထားသော ဆိုင်တွင် တော့ပိုကီဝယ်စားရင်း...ရှာနေသော ယုန်သွားပိုင်ရှင်လေးနဲ့စုံခဲ့သည့် အပြင် သူငယ်ချင်းပါဖြစ်ခဲ့သောကြောင့် ထယ်ယောင်း စိတ်ထဲကျေနပ်နေလေသည်။

ထယ်ယောင်း ကျေနပ်မှုတွေဖြင့် မနေ့ကအကြောင်း စဉ်းစားရင်း လွယ်အိပ်ထဲ စာအုပ်ထည့်နေရင်း...။

"ထယ်ယောင်း နင့်အဖေခေါ်နေပြီ မနက်စာစားဖို့ ဆင်းလာအုံး..."

"အင်း..."

ထယ်ယောင်းသည် ဆူဇီအပြောကို ခေါင်းညိမ့်လိုက်ပြီး ကိုယ်လုံးမှန်ရှေ့တွင် အကျီသပ်နေတုံး...။

"ဟဲ့ ဉီးက နင်ပါလာမှ ဆင်းလာဆိုလို့ ဗိုက်ဆာနေတာတောင်...အောင့်အီးပြီး နင့်ကိုလာခေါ်တာကို လိပ်လိုလုပ်မနေနဲ့လာခဲ့..."

သူမက ထယ်ယောင်း လက်ကောက်ဝတ်ကို ဆွဲကာ အိမ်အောက်ခပ်သို့ ဆွဲခေါ်သွားလေသည်။

သူမ ထယ်ယောင်း လက်ကောက်ဝတ်ကို ခပ်ဖွဖွကိုင်ကာပင်...ဆွဲခေါ်သွားသောကြောင့်...ထယ်ယောင်းပင် အရှေ့ကသူမအား နားမလည်သလိုကြည့်လိုက်မိလေသည်။

♡︎❦︎𝙼𝚢 𝙷𝚎𝚊𝚛𝚝 𝚒𝚜 𝚠𝚒𝚝𝚑 𝚢𝚘𝚞♡︎❦︎(Completed )Where stories live. Discover now