Uni //
YiZhan !!!
_______
1902 ခုနှစ်
" ဒါမင်းရဲ့ညီမဘဲ !! "
ဒုန်း !!
" ရှောင်းကျန့် ! အပြုအမှု ဆင်ခြင်စမ်း "
" ပါး ! ကျွန်တော့်လက်မခံနိုင်ဘူးနော် ! "
" လက္မခံနိုင်လည်း လက်ခံရမှာဘဲ ! "
ပါးစကားကြောင့် ဒေါသတွေက ထောင်းကနဲပဲ ။ မားဆုံးတာမှ မကြာသေး ။ နောက္မိန်းမကောက်ယူသည် ။
" ဘာလို့လဲ မားဆုံးတာ ဟိုတစ်လောတုန်းကမှ ရှိသေးတာကို ပါးက နောက်မိန်းမကြီးထယူတယ် "
ပါးကသူကို ပြန်ပြောမယ်အလုပ် ပါးရဲ့ဘေးက အဘွားက မိထွေးရဲ့သမီးလက်ကို ကိုင်ကာ
" အဲ့တော့ ဘာဖြစ်လဲ မင်းအဖေမှာလည်း ဆေးပေးမီးယူဆိုတာ ရှိတာပဲ သူဟာသူ ယူချင်တဲ့သူယူမယ် မင်းဝင်ပါစရာအကြောင်းမရှိဘူး ကျန်းလီယမ်းက မင်းထက်သာတယ် စာလည်းတော် ဉာဏ်လည်းကောင်း လှလည်းလှ "
" သူက မိန်းကလေးလေ အဘွားရဲ့ ကျွန်တော့်က ယောင်္ကျားလေး လာမယှဉ်ပါနဲ့ "
" ဟင့် အကိုက ညီမလေးကို သဘောမကျဘူးထင်တယ် "
ကျန်းလီယမ်းက ငိုပြတော့ ပါးနဲ့အဘွားက ပျာသလဲလဲချော့တယ် ။ သူငိုရင်တောင် ပါးက ယောင်္ကျားလေးဆိုတာ မငိုရဘူးဆိုတာတာချည်းပဲ ပြောကာ ငိုလို့ဆိုပြီး ဆူသည် ။ အခုရင်ထဲ တင်းကျပ်မှုတွေ အပြည့်ပဲ ။ သားအရင်းက မွေးစားသမီးလောက်ဂရုစိုက်မခံရဘူးဆိုတာ သူများတွေကြားရင် ဘယ်လောက်တောင် သူအထင်သေးခံရမလဲ ။
အဘွားက သူမကျောကို ပွတ်ကာ
" အို မဟုတ်တာ သူက စိတ်ဆတ်နေလို့ပါ "
" ဟုတ်တယ် သမီး ဘာမှစိတ်ထဲမထားနဲ့ "
" ပါး ဒီလိုဆက်လုပ်နေရင် ကျွန်တော် ဒီအိမ်ကဆင်းတော့မှာ !! "
" ဆင်းလေ မင်းမှာနေစရာရှိလို့လား ငါလုပ်ထားလို့ လူဖြစ်လာတဲ့အကောင်ကများ "
" ပါး !! "
တော်လောက်ပြီ ။ ပါး သူကို ရက်ရက်စက်စက်စကားတွေ ခနခနပြောနေတာ သူသီးမခံနိုင်တော့ဘူး ။ အဘွားရင်ခွင်ထဲက သူမကတော့ သူကို စိတ်ရှုပ်စရာကောင်းတဲ့အပြုံးတွေနဲ့ကြည့်နေသည် ။