Uni
" သခင်လေး! ဘာလုပ်နေတာလဲ? "
မြို့တော်ဝန်အခန်းထဲက ခေါင်းအုံးနဲ့စောင်တစ်ထည် ပိုက်ထွက်လာတဲ့သခင်လေးရှောင်းကျန့်ကို ဝေဝေ မေးလိုက်တယ် ။
" ဘာမှမလုပ်ပါဘူး "
" စောင်တွေက ဘယ်ယူသွားမှာလဲ "
" အာ အမ် မယူပါဘူး "
" အော် ဝေဝေ သိပြီ နံစော်နေလို့ လျော်ချင်တာမလား ဝေဝေကို ပေးပါ ဝေဝေလျော်ပြီး အသစ်ယူပေးမယ် "
" မဟုတ်.... "
သူစကားမဆုံးလိုက် ဝေဝေက သူလက်ထဲက စောင်နဲ့ခေါင်းအုံးကို ယူသွားတယ် ။ အား သူက ဝမ်ရိပေါ်နဲ့မျက်နှာချင်းမဆိုင်ချင်လို့မှ ရှောင်နေပါမယ်ဆို ။
" ဟီး သခင်လေး သိလား ကိုကိုကျန်းက ဝေဝေနဲ့တွေ့ချင်တယ်လို့ ပြောတယ် "
" ကောင်းတာပေါ့ သူက မင်းကို သေချာပေါက် စိတ်ဝင်စားလာမှာ ... "
" ဟုတ် သခင်လေး ကိုကိုကျန်းနဲ့အောင်သွယ်ပေးတဲ့အတွက် ကျေးဇူးပါနော် သခင်ကြီးနဲ့ကလေးတွေအများကြီးလည်း မွေးလို့ရပါစေ! "
" ပေးတဲ့ဆုနဲ့ပြည့် ဘာ!! ဝေဝေ!! "
ဝေဝေက ပြေးထွက်သွားတယ် ။ ရှောင်းကျန့် နှာမှုတ်လိုက်တယ် ။ ဘာကို ကလေးတွေ အများကြီးမွေးလို့ရပါစေလဲ ။ သူက ယောင်္ကျားလေး ဟွန့်! ။ ဘာမှမမွေးရဘူး ။ မွေးချင်မွေး ဟိုတစ်စုံတစ်ပေါ်ပဲမွေး ။
အထဲကို ပျင်းတိပျင်းရွဲ့နဲ့ ပြန်ဝင်လိုက်တယ် ။
သူနိုးလာတော့ နေ့လယ်တောင် ရောက်နေပြီဖြစ်သလို့
အိမ်တော်ကိုလည်း ပြန်ရောက်နေပြီဖြစ်တယ် ။ ဝမ်ရိပေါ်က သူကို ဘာမှမပြောပြဘူး ။ သူမှတ်မိလိုက်တာဆိုလို့ ဝမ်ရိပေါ်က သူအပေါ်ကို ခုန်အုပ်လိုက်တယ်ဆိုတာပဲ သူမှတ်မိတယ် ။ တွေးရင်းနဲ့တောင် ရှက်စိတ်တွေ ပြန်ဝင်လာတယ် ။" သေးသေးလေးဖြစ်ပြီး ပျောက်ကွယ်သွားချင်တယ် ဖာစ့်! "
ဝမ်ရိပေါ်က ဒီအခန်းဘက်ကို ခြေဦးမလှည့်လာလို့ တော်သေးတယ် ။ သူ ဝမ်ရိပေါ်နဲ့ မျက်နှာချင်းဆိုင်ရမှာ ရှက်တယ် ။ အဲ့ဝောာ့ သူရှောင်နေမှ ဖြစ်မယ် ။