Uni
ဝမ်မားရေးထားတဲ့စာရွက်ထဲက ပစ္စည်းတွေအမည်ကို ရွတ်နေရင်း ဟိုကြည့်ဒီကြည့် ဈေးအတွင်းထဲကို လျှောက်လာလိုက်တယ် ။
" နဂါးမောက်သီးအနီ 3လုံး ဖရဲသီးတစ်လုံး "
သစ်သီးပေါင်းစုံရောင်းနေတဲ့ဆိုင်အနားသွားကာ နဂါးမောက်သီးသုံးလုံးအပြင် တစ်ခြားသစ်သီးတွေပါဝယ်လိုက်တယ် ။
" အုန်းနို့လည်း ပါတာပဲလား ကြက်ဉတွေရော ဟိုမှာမရှိလို့လား "
ပစ္စည်းတွေက တော်တော်လေး များတာမို့ ရှောင်းကျန့် ခေါင်းရှုပ်လာရသည် ။ အလုပ်သမားတွေ ခေါ်ဝယ်ခိုင်းလည်းရတာကို ဝမ်မားက အလုပ်ရှုပ်ခံပြီး သူကိုပါ ခေါ်လာရတယ်လို့ လခွမ်း ။
အုန်းနို့ရှာနေတုန်း သူပုခုံးကို တစ်ယောက်ယောက်က လာပုတ်လိုက်တာမို့ ရှောင်းကျန့် လန့်သွားသည် ။ နောက်လှည့်ကြည့်လိုက်တော့ ဘယ်သူမှမရှိ ။ ရှေ့ပြန်လှည့်လိုက်တော့
" ဟိတ်! "
" Fuck! လန့်လိုက်တာ "
ရုတ်တရက်ကြီး သူရှေ့ပေါ်လာတာမို့ ရှောင်းကျန့်ပါးစပ်က လွှတ်ကနဲ ဆဲမိသွားသည် ။
" ဟာ! အလှလေးက ဆဲတယ် မတွေ့တာ တော်တော်လေးကြာပြီနော်ဗျ! "
ဝမ်ရိပေါ်နဲ့သက်တူလောက်ရှိမယ့်ကောင်လေးက သူကို သိသလိုလာပြောနေဝာာမို့ ရှောင်းကျန့် မျက်မှောင်ကုတ်လိုက်မိတယ် ။ ဘယ်သူကြီးလဲ သူတော့ မသိပါဘူး ။
" ဘယ်သူလဲ "
" ကျွန်တော်ကို မမှတ်မိဘူးလား "
ရှောင်းကျန့် ခေါင်းခါပြလိုက်တယ် ။
္" ကျောက်ရှန်းလေ အလှလေးနဲ့ ဆုံဖူးတယ်လေ "
" ဘယ်မှာဆုံတာလဲ "
သူမှအပြင်မထွက်တာ ။ ဘယ်လိုလုပ်ပြီး ဒီလူက သူကို သိနေတာလဲ ။
" လူခြေပျက်တဲ့နေရာမှာ အလှလေးနဲ့ဆုံတာလေ "
" မမှတ်မိဘူး ... "
" အာ .... ကျွန်တော်ကတော့ အလှလေးကို ရှာနေတာဗျ! "
" ဘာလို့ရှာတာလဲ "