Part - 15

920 62 2
                                    

Uni//

2 months later

" တစ် နှစ် သုံး "

ဝမ်ရိ‌ေပါ် စာဖတ်နေရင်း အခန်းရှေ့က နံပါတ်ရေတွက်သံတွေ ကြားလိုက်ရတော့ မျက်မှောင်ကျုတ်တာ တံခါး ဖွင့်ကြည့်လိုက်တယ် ။ မြင်လိုက်ရတဲ့အရာကြောင့် သွေး‌ေတွ ဆောင့်တက်သွားတယ် ။

" အဲ့ဒါ ဘာလုပ်နေတာလဲ "

" လေ့ကျင့်ခန်းလုပ်နေဝာာလေ မမြင်ဘူးလား "

ရှောင်းကျန့်က အင်္ကျီလက်ပြတ်နဲ့ သူအခန်းရှေ့မှာ လက်မောင်းကြွက်သားထွက်တဲ့လေ့ကျင့်ခန်း လာလုပ်နေတာမို့ ဝမ်ရိပေါ် စိတ်‌ေလသွားရတယ် ။

" လုပ်တယ်ဆိုရင်ဝောာင် ကိုယ့်အခန်းထဲ သွားလုပ်လေ အခုက သူများအခန်းရှေ့ကြီးမှာ လာအနှောင့်အယှက် ပေးနေတယ်လို့ မထင်ဘူးလား "

" မထင်ပါဘူး "

လေသံကိုက

" .......... "

" ထွက်သွား "

" ရော် မြို့တော်ဝန်က ကိုယ့်ယောင်္ကျားကို မချေမငံဆက်ဆံပြီး နှင်ထုတ်နေတာပဲနော် ဘွားဘွားတို့သာ တွေ့သွားရင် တစ်မျိုးထင်‌ကုန်တော့မှာဘဲ "

သူ ဟိုဝာလောက ပြောဖူးတဲ့လေသံနဲ့ရှောင်းကျန့်က ပြန်ပြောလာသည်မို့ ဝမ်ရိပေါ် ဒေါသထွက်သွားရသည် ။

" ဘာစကားပြောတာလဲ "

" မဟုတ်လို့လား "

" ......... "

ဝမ်ရိပေါ် ရှောင်းကျန့်ကို လျစ်လျူရှူလိုက်ကာ အထဲဝင်မယ်အလုပ် ရှောင်းကျန့်ဆီက စကားသံထွက်လာသည် ။

" ကပ်စီးကုတ်ကများ "

" ဘာ! ရှောင်းကျန့် "

" ပိုက်ဆံပေး "

လက်ဖြန့်ကာ ငွေတောင်းလာတဲ့ရှောင်းကျန့်ကို နားမလည်သလို့ အကြည့်နဲ့ကြည့်လိုက်တယ် ။

" ဘာလို့ပေးရမှာလဲ "

" မပေးဘူးမလား ထင်သားပဲ ကပ်စီးကုတ် "

" ....... "

ဝမ်ရိပေါ် ကိုင်ထားတဲ့စာအုပ်အဖုံးလေးက အားနဲ့ဆုပ်ကိုင်ထားတဲ့ ကာယကံရှင်လက်တွေကြောင့် တွန့်ကြေသွားသည် ။ ရှောင်းကျန့်က သူကို ပေါ်တင်ကြီး လာဖဲ့နေတာပဲ ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now