Part - 18

847 46 3
                                    

Uni//

ညက အစောကြီးအိပ်ထားမိတာမို့ ညသန်းခေါင်းကြီးကျ ရှောင်းကျန့်ပြန်နိုးလာတယ် ။

ရေလည်း ဆာနေတာမို့ အိပ်ယာကနေ ထလိုက်တယ် ။
ဘေးဘီဝဲယာကိုလှည့်ကြည့်တော့ ဝမ်ရိပေါ်ကမရှိ ။
ဘာလား ဒီကောင်လေးက မအိပ်ဘူးလား ။

ဒီလိုကျတော့လည်း စိတ်က ပူမိပြန်ပြီ ။

မျက်လုံးတွေကို ပွတ်လိုက်ကာ ကုတင်ပေါ်ကဆင်းပြီး မီးဖွင့်လိုက်တယ် ။ အပြင်ဘက်ဝရန်တာမှာလည်း ဝမ်ရိပေါ်က မရှိဘူး ။ ဘယ်သွားတာပါလိမ့် ။

ရေအရင်ဆာနေတာမို့ ရေအရင်ရှာလိုက်တယ် ။
ရေခွက်တစ်ခွက်လေးတောင် မတွေ့ပဲ နေ့လည်က သူယူလာတဲ့ဂျင်းပြုတ်ရည်ကြီးပဲတွေ့သည် ။ အိမ်းး ဒါကြီးတော့ သူမ‌သောက်ချင် ။

" အောက်ထပ်ကြီး ဆင်းယူရမှာလား "

ဒီလောက်မှောင်နေတာ သူဆင်းတော့မဆင်းချင် ။ တော်ကြာနေ အမှောင်ထဲက လက္မဲကြီးထွက်လာနေမှ ။ ရှောင်းကျန့် သရဲတော့ကြောက်သည် ။ ဒါမယ့်လည်း အာခေါင်က အရမ်းခြောက်နေတော့ အဆင်မပြေ ။ လခွမ်းလိုပဲ ။

" ထားပါတော့ နာနာဘာဝတွေက တကယ်မှမရှိပဲ "

ချမ်းလည်းချမ်းနေတာမို့ လက်ရှည်တစ်ထည်ကောက်ယူကာ တံခါးဖွင့်လိုက်တယ် ။

ကျွီ !

အပြင်ဘက်မှာ လရောင်လေးတွေ ရှိလို့ဝောာ်သေးတယ်ပြောရမယ် ။ မဟုတ်ရင် ဘာမှမမြင်ရအောင် မှောင်မဲနေမှာ ။

အောက်ထပ်ကို သေချာကြည့်လျှောက်ဆင်းလာလိုက်ပြီး ရေသန့်ကို လိုက်ရှာနေလိုက်တယ် ။ ရေနံဆီမီးခွက်လေးက နည်းနည်း‌ထိန်ညီးနေတုန်းမို့ ကောက်ယူလိုက်တယ် ။

" အရမ်းမှောင်လွန်းတယ် "

နာရီကိုကြည့်တော့ ခုမှ ည၁၂ကျော်တဲ့ ။ ဝမ်ရိပေါ်ကလည်း ဘယ်ကိုရောက်နေမှန်းမသိ ။ နေမကောင်းဘူးဆိုပြီး ‌ဘယ်ဂျောင်မှာ ဝင်အိပ်နေလည်းမသိ ။

" ဘာလို့လာဖွင့်ပြောတာလဲ ပြောလည်း နောက်ကျသွားဘီ "

နှာတစ်ချက်ကစ်လိုက်ကာ ရေ‌ငှဲ့လိုက်သည် ။ ညကြီးမို့ တစ်အိမ်လုံးကလည်း တိတ်ဆိတ်လို့ ။

𝖫𝗈𝗏𝗂𝗇𝗀 𝖳𝗁𝖾 𝖬𝖺𝗒𝗈𝗋 𝖶𝖺𝗇𝗀'𝗌Where stories live. Discover now